Part 16(Unicode )

Comincia dall'inizio
                                    

"မဖြစ်ပါဘူး"

ဖြိုးဝေက ဖြစ်တယ်ဟု တစ်သံထဲထအော်သော်လည်း
ကလေးတွေက တညီတညာတညာ ပြန်ချေကြသည်။
ကလေးတေဠနှင့် ဖြိုးဝေ မျက်လုံးချင်း စစ်ဖြစ်နေကြ၏။

ယုယငယ်က ဖုန်းကိုကြည့်လိုက်ပြီးနောက်

"ကဲ ပြန်ကြတော့။ မမ ညနေ အလုပ်သွားစရာရှိသေးတယ်"

ကလေးတွေနဲ့ ဖြိုးဝေက မပြန်ချင်ပြန်ချင်နှင့်
ပြန်သွားရသည်။
စူးရှကတော့ သိသိသာသာချောင်ကျသွားသော ယုယငယ်မျက်နှာလေးကို ငေးမောမိသည်။

*ပိန်သွားလိုက်တာ*

သေမိန့်ကျထားပြီးသော ရောဂါသည်ဖြစ်နေသော်လည်း
ဘာမှမဖြစ်သည့်လူတစ်ယောက်လို နေထိုင်နေသည့် ယုယငယ်အား နားမလည်သလို လေးစားမိသည်။
မာကျောသည်ဟု ခေါင်းစဉ်တပ်ရမည်လား ဟန်ဆောင်နေသည်လား ဝေခွဲမရသော်လည်း
စူးရှ မသိနိုင်သည့် ဒဏ်ရာတွေ သူမတွင်ရှိနေသည်ကိုတော့ ရိပ်မိပါသည်။

" တကယ်သွားမလို့လာ"

အပြင်သွားရန်ပြင်နေသည့် ယုယငယ်အား စူးရှမေးလိုက်သည်။

"အင်းပေါ့။ ငွေပြတ်နေပြီလေ၊
အဘိုးကြီးလည်း သူ့ဆီမလာလို့ ပွစိပွစိလုပ်နေပြီ"

" နေကောင်းတာမဟုတ်ပဲနဲ့ "

ယုယငယ်က အိတ်ထဲမှ နှုတ်ခမ်းနီ အနီရဲတောက်တောက်ကို ဆိုးနေရင်း
စူးရှဆီ ကြည့်လာ၏။

" ငွေမရှိရင် မနေတက်ဘူး"

ပြန်ပြောနေပုံက လူ့ဂွစာ။
သူ့အကြောင်းသိသိကြီးနဲ့ တုပြောနေမိတာကိုက စူးရှ မှားတာပါ။

ဒါပေမယ့်...

"မသွားပါနဲ့လား"

" တို့က ဘာလို့ စူးရှစကားကိုနားထောင်ရမှာလဲ"

စူးရှမျက်မှောင်ကြုတ်သွားသည်။ ဒါကို
ယုယငယ်မြင်တော့ ခိုးရယ်လိုက်မိသည်။

သူအလိုမကျတာရှိတုန်း မျက်မှောင်ကြုတ်တက်သော စူးရှကို
ယုယငယ် မြတ်နိုးလွန်းလှသည်။
အပိုင်သိမ်းထားချင်လောက်အောင် မက်မက်မောမောဖြစ်မိသည်။

"ဒါဆိုလည်း တို့မသွားနိုင်လောက်အောင် သိမ်းသွင်းကြည့်လေ"

A letter to A boy who is not a boy(Completed)Dove le storie prendono vita. Scoprilo ora