Huပြောလာသောစကားများကြောင့် chanyeolတစ်ယောက် နှုတ်ခမ်းများကွေးညွှန့်အောင်ပြုံလိုက်မိ၏ ပြီးနောက်အရှေ့မှhuကိုကြည့်ကာ

       '' Hu တစ်ကယ်လို့ မောင်တို့တွေကို huအိမ်က သဘောမတူတဲ့အခါကျရင်huမောင့် နောက်ကိုလိုက်ခဲ့မှာလား
   ဒါမှမဟုတ်မောင့် ကိုhuစွန့်ပစ်ခဲ့မှာလား''

Baekhyunမောင်မေးလာသောမေးခွန်းကြောင့်တစ်ချက်တွေဝေသွားမိ၏သို့သော်လည်းမောင်မေးလာသောမေးခွန်းရဲ့အဖြေကိုတစ်မိနစ်မကြာပဲပြန်ဖြေမိသည့်က

        '' မောင်ရှိတဲ့ အရပ်ကhuအတွက်တော့သုခဘုံပဲ
        အရာအားလုံးကိုစွန့်လွှတ်နိုင်တယ် huမစွှန့်လွှတ်နိုင်တာကမောင့် ကိုပဲ  ''

  Baekhyunကို အကုန်လုံးကငယ်ငယ်ရွယ်ရွယ်နဲ့အချစ်ကြောင့်ရူးသွပ်နေတယ်လို့ထင်ကြမှာပေါ့ ထင်ကြပါစေ baekhyunကိုယ်တိုင်ကလည်းတကယ်ရူးသွပ်နေတာပဲလေ
         တကယ်တော့ မောင်မေးလာတဲ့မေးခွန်းကို
baekhyunနဲ့မောင် ချစ်သူစဖြစ်တဲ့နေ့ 6လပိုင်း၁၄ရက်နေ့ထဲက တွေးတောစဉ်းစားပြီးပြီပင်
တကယ်လို့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မောင်နဲ့သူ့
အကြောင်းတွေကိုbaekhyunမိဘတွေသာသိသွားလို့သဘောမတူခဲ့ရင် မောင့်ကို baekhyunစွှန့်လွှတ်နိုင်လား မောင်မရှိပဲbaekhyunနေနိုင်လားဆိုတာကိုအချိန်တိုင်းစဉ်းစားနေမိခဲ့တာပင်
   ဘယ်လောက်ပဲစဉ်းစားနေပါစေနောက်ဆုံးထွက်လာတဲ့ အဖြေက မောင့်ကိုမစွှန့်လွှတ်နိုင်ဘူးဆို
တာပင်
  နှလုံးသာကိုပထမဆုံး နွေးထွေးမှုပေးခဲ့တဲ့ မောင့်ကိုမစွန့်လွှတ်နိုင်လောက်တဲ့အထိ baekhyun
အရမ်းချစ်မိပါ၏ ဒါကြောင့်မောင့် ဘက်က baekhyunကိုအလိုမရှိတော့ရင်တောင်
   baekhyunဘက်ကအဆုံးထိမောင့်ကိုပဲဖမ်းဆုပ်ထားမိမှာအမှန်ပင်

Chanyeolအရှေ့မှ ချစ်သူလေးရဲ့အဖြေကြောင့်
ဝမ်းသာကာမျက်ဝန်းထဲမှာမျက်ရည်ကြည်များရစ်
သိုင်းကာ ဝမ်းသာအားရhuကိုယ်လေးကို chanyeolနဲ့အနီးဆုံးဖြစ်အောင် chanyeolရဲ့
ရင်ခွင်ထဲသို့တင်းနေအောင်ဆွဲဖက်လိုက်၏ chanyeolရဲ့နှုတ်ဖျားကနေလဲ

      '' မောင့်ကိုရွေးချယ်ပေးလို့ ကျေးဇူးတင်တယ်hu
      အခု huပြောလိုက်တဲ့စကားကိုဘယ်သောအခါမှမပြင်လိုက်ပါနဲ့နော်
မောင်လည်းhuလို့ပဲ huကိုအဆုံးရှုံးမခံနိုင်ဘူး
ဘာမှမရှိတဲ့မောင့်ဘဝထဲမှာ huကိုတော့ မောင်တစ်ယောက်ထဲရဲ့အပိုင်အဖြစ်ဘယ်သူ့ကိုမှမပေးပဲသိမ်းထားချင်တယ် huကိုယ်တိုင်ကလည်း
မောင့်အတွက်ပဲဖြစ်ရမယ် မောင်အရမ်းအတ္တကြီးနေလား''

                  My youth and my love  (completed) Where stories live. Discover now