" မဟုတ်​ဘူး?? ကိုယ့်​ကိုအဲ့လို​တော့မ​ပြောပါနဲ့? ကိုယ်​လာခဲ့တာကမင်းကို​တောင်းပန်​ဖို့ ပြီး​တော့မင်းကို မင်းကို ချစ်​လို့ Astero! ​​သေချာကိုမင်းခွင့်​လွှတ်​မှုကိုရ​အောင်​ယူမှာ အသိစိတ်​ရှိမ​နေတဲ့မင်းမဟုတ်​တဲ့မင်းကို​ရော အသိစိတ်​အပြည့်​ရှိ​နေတဲ့မင်းကို​ရော _"

" ဟက်​! ကြိုးစားကြည့်​လိုက်​​လေ_"

တဖြည်းဖြည်း​ဝေဝါးလာသည့်​မျက်​ဝန်း​နောက်​ကွယ်​တွင်​​တော့ နှုတ်​ကအစဉ်​မပြတ်​​ရေရွတ်​​နေမိသည်​က

" ကိုယ်​မင်းကိုချစ်​ခဲ့တာ Astero _!"

မျက်​ဝန်းစပ်​တို့၌်စိုစွတ်​​နေသည်​ကိုအဆုံးထိတိုင်​သတိမထားမိပဲ
မိမိ၏ဖြစ်​တည်​မှုကိုရှာ​တွေ့သကဲ့သို့ ​စောထက်​​နောင်​အိပ်​ရာ​ပေါ်မှကမန်းကတန်းထ​ပြေး၏....

' ​ဒေါက်​ ​ဒေါက်​ ​ဒေါက်​ _´

" အစ်​ကို !_"

အိပ်​စုန်​မှုန်​ဝါးဖြင့်​တံခါးကိုဖွင့်​လာသည့်​ အဖြူ​ရောင်​ညဝတ်​ဖြင့်​သူအား
ဖက်​လိုက်​မိသည်​...

" ကိုယ်​​တောင်းပန်​ပါတယ်​ ... ဒီ​နေ့ကစပြီး ကိုယ့်​ကိုခွင့်​မလွှတ်​သ၍
ပြန်​မချစ်​သ၍ မင်းကိုအဆုံးထိတွယ်​ကပ်​​နေမှာမို့ ပြန်​​ပေးဆပ်​​နေမှာမို့_"

" အ အစ်​ကို ဘာ​တွေ​ပြော​နေတာလဲ ?? အိပ်​မက်​မက်​လို့လား? _"

ယခုမှမျက်​လုံးပွင့်​လာဟန်​ရှိသည့်​ထို​ကောင်​​လေးက မျက်​လုံး​လေးပြူးကာ​မေးရှာသည်​...

" အဟား?? မဟုတ်​ပါဘူး ကိုယ်​မင်းကို သ​ဘောကျတယ်​ As မဟုတ်​ဘူး မင်းခဦး_"

" ဗျာ ?_"

" မင်းသ​ဘောမကျရင်​​တောင်​ကိုယ်​မင်းကိုလိုက်​မှာမို့ ဒီ​နေ့ကစပြီးအဆင်​သင့်​ပြင်​ထား​တော့​နော်​ _"

....................................................

မင်းခဦး​ရေချိုးခန်းထဲမှမှန်​တွင်​မြင်​​နေရသည့်​မိမိပုံရိပ်​ကိုကြည့်​၍
မေးခွန်းထုတ်​​နေမိသည်​...

" မင်းဘာ​တွေ​တွေး​နေတာလဲ? ​သေချာ​ပေါက်​မဖြစ်​နိုင်​တာမင်းသိ​နေတာပဲ စိတ်​ကူးယဉ်​မ​နေစမ်းနဲ့မင်းခဦး_ ​​မေ​မေ​ရေ အမြန်​သာပြန်​မလာလို့က​တော့ အ​မေ့သားလင်​ရတာပဲမြင်​ရ​တော့မယ်​_"

Devil System(U+Z)Where stories live. Discover now