လွန်းသုထက် ပင်ပန်းနေပေမယ့်
ရင်ခွင်ထဲကမောင့်ကို ဖက်ထားလိုက်ရသည်နှင့်
ငါ့ကို အရမ်းချစ်တယ့်မောင်ရှိတယ်ဆိုတယ့်အသိ
ဘာဖြစ်ဖြစ်စိတ်ပူပေးမယ့် မောင်နဲ့
လွန်းကိုလိုအပ်နေတယ့် လွန်းနဲ့မောင်ရဲ့
သွေးသားလေးတို့ ရှိနေတယ့်အသိက
ပင်ပနး်ရတာတွေကို ပျောက်စေသည်။
နောက်နေ့အတွက် အားအင်တို့ကိုရစေသည်။

ချစ်လိုက်တာ ဒီရင်ခွင်ထဲက ကလေးကြီးနဲ့
ကလေးလေးတွေကို

ကိုယ်တော့လေ အမြဲတမ်း မောင်နဲ့ဘဲ ဆုံတွေ့ခြင်တယ်။
လောဘကြီးတယ်နော် ကိုယ်က

ထို့နောက် လွန်းသည်လည်း အတွေးစတစတစဖြင့်
အိပ်စက်ခြင်းဆီသို့

တစ်နေ့တာကို မောင်နဲ့အစပြုလို့
ညအိပ်ချိန်မှာတောင် နောက်နေ့အတွက်
တာဝန်ကျေဖို့ကို စဥ်းစားနေမိတယ်။
အွန်း ကိုယ်ကိုတိုင် ဖက်တွယ်ထားမိတယ့်
ဒီတာဝန်မဟုတ်တဲ့ အလေ့အကျင့်လေးတွေကိုပေါ့

........................................................
"ကိုကိုထတော့လေ ကိုကိုရေ "

လွန်းသုထက် သူ့ရဲ့လေးပင်နေတယ့် မျက်လုံးတို့ကို မဖွင့်ခြင်စွာ
ဆက်၍အိပ်ခြင်နေတာကြောင့်
စောင်လေးကိုယူကာ ခေါင်းမူးခြုံရင်း
ဆက်၍ အိပ်နေမိသည်။

ရိုင်းကတော့ ကိုကိုရဲ့ခုလို အမူအရာလေးကိုသဘောတကျဖြစ်ကာ
ရယ်မိရင်း
စောင်လေးထဲကိုပါ ရိုင်းခေါင်းလေးတိုးဝင်ရင်း
ပျောက်တော့မလိုဖြစ်နေတယ့်
လည်တိုင်က မာကင်ရာလေးတွေကို
ထပ်၍ အမှတ်အသားပေးနေတော့သည်။

"မောင် ကြောင်ဆိုးလေး
ခင်ဗျားလေးနဲ့ သွားစွယ်နဲ့ကိုက်တာ
ကိုယ်နာတယ်သိလား"

ဆံပင်လေးတွေ ရှုပ်ပွနေကာ
မျက်လုံးလေးမပွင့်တပွင့်နဲ့ စိတ်ဆိုးသံမပါဘဲ
ပြောလိုက်တယ့် ကိုကိုကြောင့်
ရိုင်းရဲ့ အကြံဆိုးလေးကလည်းပေါ်လာကာ
ကိုကိုရဲ့ လက်ကလေးကို
မောင့်ရဲ့ ပါးပေါ်တင်လိုက်ရင်း
ရိုင်းရဲ့မျက်နှာလေးဟာ သနားစရာလေးလို
ချစ်စရာ ပါပီလေးလို
မျက်လုံးလေးတွေနဲ့ ကိုကိုအား
ကြည့်လိုက်သည်။

လွန်းနေရင်းထိုင်ရင်း
အမူအရာပြောင်းသွားတယ့်မောင်ကြောင့်
ကြက်သီးတွေပင်ထသလို
ဘာလို့မောင့်မျက်နှာက ရုပ်ရှင်ထဲက
ပန်းအိုးကျကွဲကာနီးအခန်းက လူတွေအပြုံးနဲ့တူနေတာလဲ
မျက်လုံးတွေက ပါပီးပေါက်လို
ချစ်ဖို့ကောင်းပေမယ့်
နောက်ကွယ်မှာ ဘယ်လိုတောင်အကြံဆိုးတွေ
ကြိတ်ကြံထားလဲဆိုတာ
တစ်အိမ်ထဲနေ တစ်အိပ်ရာထဲအိပ်
ယူထားတယ့် လွန်းသုထက်က
ကောင်းကောင်းသိသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now