တကယ်ရသည်ပုံစံနဲ့ ပင်ပန်းနေတာတောင်
မနားဘဲ သားကြီးကို ချော့သိပ်နေတယ့်
ကိုကိုကြောင့် ရိုင်းသည်လည်း
ပြောမနေတော့ဘဲ
အိပ်ခန်းထဲကိုသာ ပြန်လာခဲ့လိုက်သည်။

.........

"အားယို့ညောင်းလိုက်တာ "

စကားသံဆုံးတာနဲ့ ဘူန်းခနဲ
အိပ်ယာပေါ် မှောက်ရက်ကြီး လဲသွားသူမှာ
အခြားသူတော့မဟုတ်ပေ
အဲ့ဒါကတော့ ရိုင်းဧက္ကရာဇ်ရဲ့
နှလုံးသားပိုင်ရှင် အသည်းအသက်
လွန်းသုထက်ပင်

ရိုင်း ကိုကို့ကို စောင့်နေရင်းနဲ့
အလုပ်လုပ်နေတုန်း
ကျွီခနဲ ပြန်ဝင်လာတယ့်ကိုကို
မျက်နှာလေးဟာ ပင်ပန်းတာကြောင့်
အနည်းငယ်မှိုင်းနေပြီး
ရိုင်းကိုတွေ့တော့ပင် ပြုံးပြကာ
ဘုန်းခနဲ မွေ့ယာပေါ်ပစ်လှဲလေရဲ့

လွန်းသုထက် တောင့်တင်းနေတယ့်
အကြောတွေနဲ့ ခါးပါနာလာတာကြောင့်
မောင့်ကိုပင် တီတီတာတာမပြောနိုင်တော့
ဘုနး်ခနဲ ပစ်လှဲကာ
မျက်လုံးလေးကို မှိတ်ထားလိုက်သည်။

မကြာလိုက်ပါ ဘေးနားကိုမောင်ကဝင်ထိုင်လိုက်ပုံပင်
မွေ့ယာက အိသွားကာ
ခါးလေးကိုပင် ပေါ်အောင်
အင်္ကျီအလှန်ခံလိုက်ရပြီး
မောင်ရဲ့ လက်ချောင်းလေးတွေသည်
ညောင်းညာနေတယ့် ခါးကျောရိုးလေးဆီသို့

လွန်းသုထက် ဇိမ်ကျလွန်းတာကြောင့်
ခြေတွေလက်တွေကိုပင် ကြောင်လေးတွေ
ပျင်းကြောဆန့်သလို ဆန့်တန်းလိုက်သည်။
ထို့နောက် ခေါင်းအုံးလေးကို ပိုက်ကာ
မျက်လုံးလေးကို စင်းထားမိတော့
မောင်ရဲ့ သဘောတကျရယ်သံဟာ
အခန်းထဲ ပျံ့နှံ့သွားလျက်

"မောင့် အချစ်တော်တော်ပင်ပန်းနေတာဘဲ"

"ဝှားးးးးးး ပင်ပန်းတယ် အိပ်လည်းအိပ်ချင်နေပြီ
လာမောင် အိပ်ရအောင် "

အနှိပ်ခံနေရာကနေ ကိုယ်ကို တစ်ပတ်လှည့်ကာ
ပက်လက်ကလေးလှန်လိုက်ရင်း
လန့်ကလေးဆန့်တန်းပြလိုက်တော့
မောင်ဟာ သဘောတကျပြုံးလျှက်
ရင်ခွင်ထဲကို တိုးဝင်သည်။
အင်း ရင်ခွင်ထဲမရောက်ခင်
မြတ်နိုးစွာ ချစ်ခြင်းအပြည့်နဲ့
ညအိပ်ရာဝင်အနမ်းလေးပေးရင်းပေါ့

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now