VII. Try not to Fall in Love

2.7K 331 104
                                    

CHAPTER - 7
[​Try not to Fall in Love]

Unicode -

ကျွန်တော်နဲ့ဂျောင်ဂု ပြန်တွေ့ပြီး နှစ်ရက်မြောက်နေ့ ကျောင်းပြန်ဖွင့်ချိန်မှာတော့ ဂျောင်ဂုဟာ ကျွန်တော်တို့အတန်းရဲ့ ကျောင်းသားသစ်ဖြစ်လာခဲ့ပြီး ကျွန်တော့်ရဲ့ အခန်းဖော် ဖြစ်လာခဲ့တယ်။ ဒီနေ့လေးမှာပဲ ကျွန်တော် ဒီစာသင်နှစ်မှ သူငယ်ချင်းစလုပ်ခဲ့ရတဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်က ကျွန်တော့်ကို surprise လုပ်ခဲ့ပါတယ်။

" မင်းအတွက် သူငယ်ချင်းထပ်ရပြီဆိုတော့ ငါတို့ မင်းကို ဖုံးကွယ်ထားတာလေး ဖွင့်ပြောချင်တယ် "

ထမင်းစားဆင်းချိန် ဂျောင်ဂုကို ကျွန်တော့်သူငယ်ချင်း နှစ်ယောက်နဲ့ မိတ်ဆက်ပေးနေတုန်း သူတို့ထဲကတစ်ယောက်ဖြစ်တဲ့ နမ်ဂျွန်းက ဒီလို ထူးဆန်းတဲ့စကားကို ပြောလာခဲ့တယ်။ သူ့ဘေးက ဆော့ဂျင်ကလည်း မလုံမလဲ ပုံစံဖြစ်နေတာကြောင့် ကျွန်တော့်မှာ သူတို့ဘာများပြောလာမလဲ တွေးတွေးပြီး ရင်တုန်နေမိတယ်။

" ဘာများလဲ နမ်ဂျွန်း။ မင်းတို့ ငါ့ကို တကယ် မခင်ခဲ့ဘူးလို့တော့ မ​​ပြောလိုက်နဲ့နော်။ လျှို့ဝှက်ချက်က အဲ့ဒါဖြစ်နေခဲ့ရင် မင်းတို့ ငါစိတ်ချမ်းသာအောင် မပြောဘဲနေလို့ရမလား "

ကျွန်တော် သူတို့ဆီက ဒီလိုစကားမျိုး ထွက်လာမှာ သေလောက်အောင် ကြောက်နေမိတယ်။ ဘဝမှာ တစ်ကျော့ပြန်အနေနဲ့ သူငယ်ချင်းထပ်ထားဖူးတဲ့ ကျွန်တော့်အတွက် အနားမှာရှိနေပေးခဲ့တဲ့ ဒီသူငယ်ချင်းနှစ်ယောက်ကို အစစ်အမှန် သူငယ်ချင်းပဲ ဖြစ်စေချင်ခဲ့တာ။

" ဟေး မင်းငါတို့ကို အဲ့လို မတွေးလိုက်ပါနဲ့ ထယ်ယောင်းရယ်။ ငါတို့နှစ်ယောက်က မင်းကို တကယ့်စိတ်ရင်းနဲ့ ခင်မင်ခဲ့တာပါကွာ။ အခု ငါတို့ပြောမယ့် လျှို့ဝှက်ချက်ဆိုတာက..."

နမ်ဂျွန်းက ကျွန်တော် ထင်သလိုမဟုတ်ကြောင်း အသည်းအသန် လက်ကာပြပြီး ငြင်းရှာတယ်။ ဒါပေမယ့် သူတို့လျှို့ဝှက်ချက်ကို ထုတ်ပြောခါနီးမှာ နမ်ဂျွန်းတစ်ယောက် ပြောရခက်နေဟန်နဲ့ သူ့စကားကို ခဏရပ်ရင်း ဆော့ဂျင်မျက်နှာကို အကူအညီတောင်းသလို လှမ်းကြည့်ပြန်ပါတယ်။

Rain On Me (Completed) Where stories live. Discover now