Tower [1]

1.3K 130 18
                                    

ကိတ်မုန့်မျိုးစုံရောင်းတဲ့ဆိုင်လေးထဲ စားသုံးသူနဲ့ဝယ်ယူသူအနည်းငယ်ရှိနေတယ်။ ကောင်တာအနား ရပ်စောင့်နေတဲ့လူတွေထဲမှ လူငယ်တစ်ဦးကဖုန်းကိုင်လျက် website သတင်းတစ်ပုဒ်ကိုဖတ်နေတယ်။ သတင်းအကြောင်းအရာကတော့ ပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့လူတစ်စုကို အစိုးရကထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြောင်းနဲ့ comment ထဲမှာ ထောက်ခံတယ်၊ မထောက်ခံဘူးရန်ဖြစ်နေသူတွေ။

"မှာထားတာရပါပြီ အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်"

ထုပ်ပိုးထားတဲ့ကိတ်မုန့်ဘူးကိုယူရင်း ဆိုင်ဝန်ထမ်းကိုပြုံးပြပြီးထွက်လာခဲ့တယ်။ ဆောင်းဦးမို့လို့ ရာသီဥတုကချမ်းစိမ့်စိမ့်။ အပြင်မှာသွားနေသူတိုင်း အနွေးထည်မာဖလာတွေနဲ့။ မီးပွိုင့်အရောင်က အနီပြောင်းသွားတာနဲ့ သူ့ခြေလှမ်းတွေကို တစ်ဖက်လမ်းဆီဦးတည်လိုက်တယ်။ လမ်းကြားတွေ၊ ဆိုင်တန်းတွေကိုဖြတ်ပြီးနောက်တော့ နေထိုင်ရာတိုက်ခန်းဆီရောက်လာပါရဲ့။

လျှို့ဝှက်ခလုတ်နှိပ်အပြီး ပွင့်သွားတဲ့တံခါးနောက်မှာ တိတ်ဆိတ်တဲ့ဧည့်ခန်းကစောင့်ကြိုလျက်။ ဟင်~ ပုံမှန်ဆိုဧည့်ခန်းမှာ သီချင်းနားထောင်တတ်တာကို။ မဟုတ်မှလွဲ အိမ်အလုပ်တွေခိုးလုပ်နေပြန်ပြီလား။

ခြေသံလုံလုံနဲ့ထမင်းစားခန်းထဲဝင်တော့ ခွေးတော်မောင်နဲ့ဆော့နေတဲ့ကျောပြင်လေးကိုတွေ့ရတယ်။ ဒီကဆူမလို့စကားတောင်ပြင်ပြီးပြီကို၊ သူကလိမ္မာနေတော့ ဆူချင်စိတ်တွေဘယ်ဆီလွင့်သွားမှန်းမသိ။ ကိတ်မုန့်ဘူးကိုစားပွဲပေါ်တင်လိုက်ချိန် တစ်ဖက်လူကခေါင်းလှည့်လာပြီး။

"ပြန်ရောက်ပြီလား"

"အင်း မင်းကြိုက်တဲ့ကိတ်မုန့်ဝယ်လာတယ်"

နှုတ်ခမ်းလေးခပ်ဖွဖွပြုံးသွားရင်း သူ့အနားကိုလျှောက်လာရဲ့။ ဒီမျက်နှာလေးပြုံးနေတာမြင်ရဖို့က သူအလိုချင်ဆုံးဆန္ဒပေမယ့် ကောင်လေးကအရယ်အပြုံးနည်းလှတယ်။ ရှားရှားပါးပါးပြုံးပြီဆိုရင်လည်း ရင်ထဲကြည်နူးရပေမယ့် ကောင်လေးမျက်ဝန်းတွေကိုကြည့်မိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်နေမိဆဲ။

You've reached the end of published parts.

⏰ Last updated: Dec 12, 2021 ⏰

Add this story to your Library to get notified about new parts!

Tower To The Clouds [Hiatus]Where stories live. Discover now