"သိတယ် ဖေဖေ"

"ဂျွန်မိသားစုနဲ့ကင်မိသားစုက အကောင်းဆုံးလက်တွဲဖော်အရင်းနှီးဆုံးမိသားစုနှစ်ခုဖြစ်ခဲ့တာကြောင့် ဖေဖေတို့ဒုက္ခရောက်နေတဲ့အချိန်မှာအကူအညီအများကြီးရခဲ့မယ်ထင်တာ ဒါပေမဲ့ ဖေဖေတွေးတာမှားသွားခဲ့တယ် သားကိုဆေးကုဖို့အတွက် သူတို့ဖေဖေ့ကိုစာချုပ်ချုပ်ခိုင်းခဲ့တယ်"

"ဟင် ဘာစာချုပ်လဲ"

"ကုမ္ပဏီရဲ့ရှယ်ယာတွေအကုန်ပေးရမယ်ဆိုတာဘဲ သားရယ်စဉ်းစားကြည့် သားအသက်ထက်အရေးကြီးတာမရှိဘူးဒါကြောင့် ဖေဖေလက်ခံခဲ့တယ် "

"ဆက်ပြော ဖေဖေ"

"ရှယ်ယာအများဆုံးရသွားတော့ ဖေဖေတို့ကုမ္ပဏီမှာသူလူကြီးဖြစ်ခဲ့တယ် ပြီးတော့နောက်နေ့မှာဘဲဖေဖေ့ကိုကုမ္ပဏီကနေ ကန်ထုတ်ခဲ့တယ်"

"ဟင်"

Tae Hyungမျက်ရည်တို့စကျခဲ့ရတယ် ဂျွန့်ပါပါးက
တကယ်ဘဲ ဒီလောက်ထိရက်စက်ခဲ့တာလား

"အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့တာကြောင့်ကုမ္ပဏီမှာနေရာတစ်ခုပြန်ပေးမယ်ထင်ခဲ့တာ လုပ်ရက်တယ် အဲ့မှာတင်ကုမ္ပဏီကိုဆုံးရှုံးခဲ့ရတယ် ဒါပေမဲ့သားရဲ့အသက်ကိုကယ်ခဲ့နိုင်ခဲ့လို့ ဖေဖေနောင်တမရဘူး"

"အများကြီးခက်ခဲခဲ့မှာဘဲနော် သားတောင်းပန်ပါတယ်
သားမသိခဲ့ဘူး ကုမ္ပဏီကိုဆုံးရှုံးခဲ့ရတာ ဒီအပေးအယူ
ကြောင့်ဆိုတာကို မေမေကောသိလား"

"မသိဘူး မပြောပြနိုင်ခဲ့ဘူး"

"အခုထိမသိသေးတာလား"

"အင်း"

"ဖေဖေကခုထိခွင့်မလွှတ်နိုင်သေးဘူးလား"

"မလွှတ်နိုင်ဘူး"

ဖေဖေ့ကိုလည်းအပြစ်မမြင်ရက်ဘူး နာကျည်းချင်ရင်လည်းနာကျည်းစရာဘဲလေ ဟုတ်တယ်မလား

"သား ဂျွန်နဲ့စကားပြောကြည့်မယ်"

"ဖေဖေတို့ဘဝကိုဖျက်ဆီးသွားတဲ့ကောင်ရဲ့သားနဲ့တော့တစ်အိမ်ထဲတူတူမနေချင်ဘူး သား အဲ့တာဆိုမင်းသဘောပေါက်လိုက်တော့"

ဖေဖေ့ရဲ့စကားတွေကိုဘာမှမတုန့်ပြန်နိုင်ဘဲ အခန်းထဲကနေထွက်လာခဲ့ရတယ် ထွက်လာလာချင်းမေမေနဲ့တွေ့တော့

Sugar Baby[Completed]Tempat cerita menjadi hidup. Temukan sekarang