Chapter《57 and 58》

Start from the beginning
                                    

သူ-ဘာဖြစ်လဲ? သူလည်း မသိဘူး...သူသိတာက ရိဟန်ကို သူလုံးဝ အပြစ်မပေးရက်ဘူး ဆိုတာပဲ, သူရိဟန်ကို ရိုက်လည်း မရိုက်နိုင်ဘူး, ဆူလည်း မဆူရက်ဘူး...ကြည့်ရတာ ကျင်းယွမ်အနေနဲ့ ရိဟန်ကို လုပ်နိုင်တဲ့အရာ ရှိပုံမရဘူး

"ကိုယ်မင်းကို လစ်လျူရှုလိုက်မှာ.... အမ်း....တစ်ရက်- မဟုတ်ဘူး နှစ်ရက်"

သူက အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်မှာ ပြောလိုက်လေသည်။ ထိုသို့ပြောရင်းဖြင့် ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သေးသည်။

ကျင်းယွမ်သည် သူနောက်ဆုံး မိနစ်ပိုင်းလေးမှာ လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်က အဓိကအချက်ကို ထိသွားမယ်လို့ မထင်လိုက်မိဘူး။ ရိဟန်က ဘယ်အရာမှ မကြောက်ပေမဲ့ ကျင်းယွမ်က သူ့ကိုလစ်လျှူရှုမှာကိုတော့ကြောက်တယ်

"ငါမလုပ်တော့ပါဘူး, ငါ့ကိုလစ်လျှူ မရှူပါနဲ့"

ရိဟန်က ရင်တုန်စွာဖြင့် ခေါင်းညိတ်ပြပြီး အလျင်စလို ပြန်ပြောရှာသည်။

ကျင်းယွမ်ကပြုံးလေသည်။ အေးစက်ပြီး ခက်ခဲပုံပေါ်သည့် သူ့မျက်နှာပေါ်က လိုင်းများက နွေးထွေးမှုဖြင့် ချောမွေ့သွားတာကြောင့် ပိုလို့ပင် စွဲမက်ဖွယ်ကောင်းလောက်အောင် ချောမောလာသည်။ အဲ့ဒါက တစ်စုံတစ်ယောက်အား မျှော်လင့်ချက် မဲ့စွာဖြင့် ချစ်သွားစေနိုင်သည်။ ဒါက တစ်ခြားသူများအတွက်တော့ တူမလား မသိပေမယ့် ရိဟန်အတွက်ကတော့ တစ်သက်လုံး စွဲသွားမယ့် အရာပင်။

ကျင်းယွမ်က ထလိုက်ပြီး သူ့အဖိုးတန် နှလုံးသားပိုင်ရှင်အား သူ့လက်မောင်းကြားထဲမှာ ထွေးဖက်ထားလိုက်သည်။ သူက ရိဟန်ရဲ့ ခေါင်းလေးအား ချစ်ခင်မြတ်နိုးလှစွာဖြင့် နမ်းလိုက်ပြီးနောက် ကျေနပ်နှစ်သိမ့်စွာ သက်ပြင်းချမိလေသည်။

***

ခဏလောက် မှေးပြီးနောက်မှာ အန်တီယန်းလည်း ပိုပြီးကောင်းမွန်သလို ခံစားရသည်။ ကျင်းယွမ်က အောက်ထပ်ဧည့်ခန်း ရှိရာကို ခိုးကြောင်ခိုးဝှက် ဖြတ်ကျော်သွားတဲ့ အချိန်မှာ သူမက တစ်မိသားစုလုံးအတွက် နေ့လည်စာ ပြင်ဆင်နေရင်း အလုပ်များနေခြင်းပင်။

(Completed) Reborn as a good childWhere stories live. Discover now