ကျင်ရွှင်က သူ့ရဲ့ပူလောင်နေတဲ့လက်ဖျားထိပ်လေးတွေကို ပွတ်သပ်ကာ ရှန်ရိကျင်းနောက်ကနေ နာနာခံခံနဲ့ လှေကားပေါ်လိုက်သွားလိုက်၏။

ရပ်ကွက်တစ်ခုလုံးက အိမ်ထောင်စုတစ်ခုမှာ လှေကားအုံတစ်ခုပါတဲ့ အထပ်နိမ့်တိုက်ခန်းအိမ်ရာပုံစံမျိုးဖြစ်ကာ အိမ်ထောင်စုတစ်ခုချင်းစီက စတုရန်းမီတာ၃၀၀ကနေ ၄၀၀ထိရှိတဲ့ ကြီးမားတဲ့တိုက်ခန်းဖြစ်သည်။

ဒီဟာက ရှင်းလင်းစွာကို မြို့ရဲ့ရွှေရောင်လွှမ်းတဲ့ဧရိယာမှာ တည်ရှိတဲ့ အဆင့်မြင့်လူနေအဆောက်အဦးတွေဖြစ်ပြီး လူအနည်းငယ်သာလျှင် နေထိုင်ဖို့တတ်နိုင်သည်။ ပွက်လောရိုက်နေတဲ့မြို့ကြီးမှာ ဒီလိုတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မျိုးက...ဘယ်လိုတောင် အဆင့်မြင့်လိုက်တဲ့ လူနေဧရိယာပါလိမ့်!

ဓာတ်လှေကားက ခြောက်လွှာမှာရပ်သွား၏။

သူတို့ဓာတ်လှေကားကနေ ထွက်ထွက်ချင်း အပြင်ဘက်က အသံနဲ့ထိန်းချုပ်တဲ့အလင်းက သဘာဝကျကျပဲလင်းထိန်လာပြီး အထက်တန်းကျကာ တောက်ပတဲ့စကျင်ကျောက်ကြမ်းပြင်နဲ့ ကော်ရစ်တာက ၁၈ရာစုနှစ်အနောက်တိုင်းစတိုင် အလှပြင်ဆင်မှုတွေကလဲ ချက်ချင်းမြင်ကွင်းထဲရောက်ရှိလာသည်။

သေချာတာပေါ့ ဒါကအိမ်ရာက အများပြည်သူဆိုင်ဧရိယာဖြစ်တဲ့ ဓာတ်လှေကားရဲ့တစ်စိတ်တစ်ပိုင်းပင်။

အခြား ခမ်းနားလှတဲ့လုံခြုံရေးတံခါးကို ဖွင့်လိုက်ပြီး အထဲမှာက အိမ်ဖြစ်သည်။

ရှန်ရိကျင်းက ခြေလှမ်းအရင်လှမ်းလိုက်ပြီး တံခါးပေါ်မှာလက်တင်ကာ လက်ဗွေရာနဲ့လော့ခ်ဖြည်လိုက်ပြီး တံခါးကိုဖွင့်ကာ အထဲကိုဦးဆောင်ဝင်ဖို့ပြင်လိုက်၏။

သူကပြောသည် : " ဒီနေ့ကအရမ်းနောက်ကျနေပြီ။ မနက်ကျမှ မင်းရဲ့လက်ဗွေကိုပါ မှတ်တမ်းတင်ထားလိုက်မယ်။ လျှို့ဝှက်နံပါတ်က 940326၊ မင်းမှတ်မိလား?"

"ဟုတ်" ကျင်ရွှင်က နာနာခံခံပြောလိုက်သည် "အဲ့တာက Mr.ရဲ့မွေးနေ့ပဲ"

"......"

တ့ခါးလော့ခ်က အလိုအလျောက်လက်ဗွေရာကို အတည်ပြုပြီး တံခါးကိုဖွင့်လိုက်သည်။ တံခါးပွင့်သွားကြောင်းပြတဲ့ အီလက်ထရွန်နစ်အသံကမြည်လာပေမယ့် ရှန်ရိကျင်းရဲ့လှုပ်ရှားမှုကတော့ ရပ်တန့်သွားသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now