🔞Part - 13

Start bij het begin
                                    

taehyungမရှိတော့တဲ့အိမ်ကြီးဟာခြောက်သွေ့လွန်းလှသည်မှာအမှန်ပင်....
အမေဖြစ်သူjinကအိပ်ရာထဲလဲနေတာtaehyungဆုံးတည်းကပင်....အဖေ
ဖြစ်သူကလည်းသားစိတ်နဲ့ စိတ်ထိခိုက်ရပေမယ့်လည်းလက်ရှိအခြေနေတွေအတွက်တော့အတတ်နိုင်ဆုံးအားတင်းထားသည်

jiminသည်အားလုံးထဲမှာအနာကျင်ရဆုံးသူပင်.....နာကျင်ပါများလာတော့ထုံထိုင်းသွားသလားမသိတဲ့jiminကအရင်ထက်အေးစက်ပြီးမာကျောလာသည် သူ့စိတ်ကိုသူတင်းထားသည် အသက်ရှုသံတိုင်းဟာမြန်လှပေမယ့် မျက်၀န်းသားနီဆွေးဆွေးတို့ကမျက်ရည်စတောင်မတွေ့ရတော့ဘဲ အေးစက်တဲ့အကြည့်တွေသာလျှင်နေရာယူထားလေသည်

"သား.....ဦးလေးတို့ခနလောက်စကားပြောရအောင် ခြံထဲဆင်းခဲ့ ဦးလေးစောင့်နေမယ် "

"ဟုတ်ကဲ့.."

namjoonခြံထဲ‌ဆင်းသွားပြီး ခြံထဲကခုံလေးမှာထိုင်ပြီးjiminကိုစောင့်နေသည်....
အိမ်ထဲjiminကတော့လုပ်လက်စအလုပ်တွေကိုရပ်ပြီး ခြေတလှမ်းချင်းနဲ့ခြံထဲလျှောက်လာသည်

"ဒီအချိန်ကြီး ခြံကိုဘာလို့ခေါ်တာလဲဦးလေး"

"ဘာရယ်မဟုတ်ပါဖူး ခနလောက်လေညင်းခံရအောင်လို့လေ"

"အင်…...….……"

jiminသက်ပြင်းတချက်ချပြီး namjoonဘေးတွင်၀င်ထိုင်လိုက်သည်
ညအချိန်ကောင်းကင်ယံကနီရဲတဲ့တိမ်တိုက်တွေနဲ့အုပ်မိုးထားသည်....ကောင်းကင်ရဲ့
တနေရာရာမှလျှပ်လင်းနေပြီးမိုးရွာတော့မည့်ပုံစံပင်

"သားလည်းစိတ်တွေမွန်းကြပ်နေလောက်ရောပေါ့ "

namjoonပြောတော့‌ခပ်ဟဟရယ်ပြီးပြန်ဖြေလာတဲ့jiminကအေးစက်တဲ့မျက်လုံးများနဲ့ပင်

"ကျွန်တော်နေသားကျနေပါပြီ......စိတ်ညစ်စရာတွေ၀မ်းနည်းစရာတွေကကျွန်တော့်အတွက်ထမင်းစားရေသောက်လိုဖြစ်နေပြီ"

jiminစကားကြောင့်namjoonမျက်‌နှာမကောင်းပေ....

"သားရယ်အဲ့လိုမပြောပါနဲ့ကွယ်.......
ဪ..ဒါနဲ့ဦးလေးသားကိုပြောမလို့ မနက်ဖြန်ဦးလေးရုံးကရှယ်ယာ၀င်
တယောက်ရဲ့သမီး မင်္ဂလာပွဲရှိတယ်
အဲ့ဒါစိတ်ပြေလက်ပျောက်ဖြစ်အောင်သားလည်းလိုက်ခဲ့ပါလား"

ေက်းကြ်န္🔞 (vmin) ကျေးကျွန်🔞Waar verhalen tot leven komen. Ontdek het nu