Chapter《55 and 56》

Start from the beginning
                                    

ရိဟန်က သူ့ရဲ့ နာကျင်နေသော လက်ဖဝါးအား ဆုပ်လိုက်ပြီး သူ့လက်ဖဝါးမှ ဒဏ်ရာထဲသို့ လက်သည်းများ စိုက်ဝင်စေလိုက်သည်။ 

အား, နာတယ်, ဒါပေမဲ့ သူ့ရှေ့က မြင်ကွင်းက ထင်ယောင်ထင်မှား ကမ္ဘာလိုမျိုး မပျောက်ကွယ်သွားပါလား

ကျင်းယွမ်က ရိဟန်ဆီက ဘာသံမှ မကြားရတာကြောင့် စိတ်ပူပန်စွာဖြင့် မော့ကြည့်လိုက်သောအခါ ရိဟန်က သူ့ကိုဗလာဖြစ်စွာဖြင့် ပြန်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ သူတွေးထင်ထားသလို ရွံ့ရှာမှုတွေ မုန်းတီးမှုတွေ ရှိမနေပေ။ သူ့နှလုံးသားက အကြိမ်အနည်းငယ် ခုန်သွားရသည်။ သူက ရိဟန်ပြောခဲ့တာအား ပြန်စဉ်းစားကြည့်မိ၏။ 

ရိဟန်က တောင်းပန်ပါတယ်လို့ ပြောခဲ့တာ, ဒါကို အိမ်မက် ထင်သွားမိတာတဲ့....သူ့ကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး လို့လည်း ပြောခဲ့တယ်

ကျင်းယွမ်ရဲ့ ဆိုးဝါးနေတဲ့ နှလုံးသားက နောက်တစ်ဖန် နှစ်ချက်လောက် ခုန်သွားရပြန်သည်။ ဖြည်းညှင်းစွာဖြင့် မျှော်လင့်ချက်လေးက တစ်စတစ်စ မြင့်တက်လာရသည်။ သူက ကြိုးကြိုးစားစား ဖိနှိပ်ပါသော်လည်း သူ့ရင်ထဲကဆန္ဒတွေကိုမနှိမ်နင်းနိုင်ပေ။

"ဟန်ဟန်, ကိုယ့်ကိုမုန်းနေလား?" သူက သူ့မှာရှိတဲ့ နောက်ဆုံးသော မျှော်လင့်ချက် အပိုင်းအစလေးအား ကာကွယ်ရင်း ဂရုတစိုက်မေးလိုက်သည်။

ရိဟန်က မူးနောက်နောက်နဲ့ ခေါင်းခါပြသည်။

သူဘယ်လိုလုပ် ကျင်းယွမ်ကို မုန်းနိုင်မှာလဲ? အမုန်းခံသင့်တဲ့သူက အမြဲတမ်း သူပဲဖြစ်ခဲ့တာကို

ကျင်းယွမ်ရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက် အလင်းလေး လင်းလာသည်။ သူက သူတို့ရဲ့ နှာခေါင်းထိပ်လေးများ ထိတွေ့သည့်အထိ အနားကို နူးညံ့စွာ တိုးလိုက်သည်။

သေချာပေါက် ရိဟန်ကလည်း မငြင်းဆန်ပေ။ ကျင်းယွမ်ဘာလုပ်နေလဲ ဆိုတာကိုသာ သူမသိတာဖြစ်သည်။ သူက ကျင်းယွမ်အား ဆက်စိုက်ကြည့်နေမိပြီး စိတ်ရှုပ်ထွေးနေသလို စိတ်လွတ်နေမိသည်။

(Completed) Reborn as a good childWhere stories live. Discover now