စိမ်းဖန့်ဖန့် ဖန်ဂေါ်လီလုံးလို မျက်ဝန်းတွေက တလက်လက်နဲ့
မျက်ရည်အိမ်ဖွဲ့နေသည်။

ခေါင်းလေးကို ပုတ်ပေးတော့ ပေါင်ပေါ်ကို မေးတင်ထားပြီး
ကြောင်ညည်းသံလိုမျိုး ညည်းညူနေသည်။

" အများကြီး နာကျင်နေတာလား Tae Tae.. "

တအီအီနဲ့ ရှိုက်ကာ ငိုနေတော့ သည်။

ကျောလေးကို တသိမ့်သိမ့် ပုတ်ပေးပြီး သူ့စိတ်ပိုင်းဆိုင်ရာ အပေါ်အများကြီးနွေးထွေးအောင် လုပ်ပေးရသည်။

ဆုံးသွားသည့် မေမေရဲ့ geneတွေအကုန်ပါခဲ့တာ။
recessive omega ဖြစ်ပြီး သူက ဆန့်ကျင်နေတတ်တာ။

သူ့ပုံစံမဟုတ်ဘဲ ပြောင်းလဲနေထိုင်ရင်း သန်မာချင်ယောင်
ဆောင်နေတဲ့ ကလေးလေး။

တင်ပါးအောက်ကို ကြည့်မိတော့ omega slickတွေက
ရွှဲရွှဲစိုနေပြီ....။

ပိုးသားအိအိ အိပ်ရာခင်းတွေကို လဲလှယ်ပေးပြီး သူ့ကို
ပြန်လှဲခိုင်းရတယ်။

" အနားယူလိုက်ဦး...တစ်ပတ်လောက်ပါပဲ သည်းခံလိုက်"

မျက်စောင်းယဲ့ယဲ့လေးထိုးပြီး ကျောပေးသွားသည်။

ရေချိုးခန်းထဲကို စောင်တွေရေစိမ်ပြီးထွက်လာခဲ့သည်။

အခန်းပေါက်မှာ ရပ်နေသည့် Juhwa...

" Taehyung heat ဝင်နေတာလား "

လက်မောင်းတစ်ဖက်ကို လက်လာချိတ်ပြီး အချိုသာဆုံး
ပြုံးကာမေးသည်။

" အင်း... အငယ်ဆုံးလေး...  "

" သူ mateမရှိသေးဘူး Chanလိုပဲ... မဟုတ်ဘူး
Chanဆီက ဒီအနံ့..."

လည်ပင်းနားကိုရောက်လာသည့် သူမ မျက်နှာကြောင့်
အလျင်အမြန်ခွာလိုက်ရသည်။

" Juhwa... တော်တော့..."

" Chan.. က mateနဲ့တွေ့နေတာလား "

လည်ပင်းအနားက အင်္ကျီစကို လက်ဖြင့်ဆွဲပစ်သည်။

ယုတ်မာသယောင်ရှိသော မျက်ဝန်းတို့သည် Chanhyung
လှည့်ကြည့်သောအခါ ချက်ချင်း အပြစ်ကင်းသော အသွင်
သို့ ပြောင်းသွားသည်။

"  Juhwaက ဟုတ်ခဲ့ရင် ဖေဖေ့ကို ကူပြောပေးမလို့
ပြောတာပါ... "

" အင်း... တွေ့နေတဲ့ သူတော့ရှိနေပြီ... "

Crazy Over The Omega(completed)Where stories live. Discover now