*18* ချယ်ရီသီးလေး

Start from the beginning
                                    

မနာလိုမှုတွေကသူ့ကို ယင်ထောင်ကအခုမှ ၃နှစ်အရွယ်ကလေးငယ်လေးသာဖြစ်ပြီး ကလေးတစ်ယောက်အတွက်လက်နက်ထုလုပ်သန့်စင်ဖို့ဆိုတာမလွယ်ကူကြောင်းကို မေ့သွားစေသည်။ တစ်ခြား ၃နှစ်ကလေးတွေဆိုရင် အခုမှကျင့်ကြံခြင်းလမ်းကိုစဖို့ သင်ယူနေတုန်းရှိသေးသည်။

"အရည်အသွေးမပြည့်မီဘူး.." ကျင်းထုံ ဓားကို ယင်ထောင်ဆီပြန်ပေးရင်းပြောလိုက်သည်။
" ပြန်သွားပြီး တစ်ခြားအရည်အသွေးပြည့်တဲ့ အဆင့်၁ မှော်လက်နက်တစ်ခုထပ်လုပ်လာခဲ့.."

ယင်ထောင်က သူ့ကိုကြည့်ပြီးပြန်ပြောလိုက်၏။
"ဒါပေမဲ့ ဆရာပြောတာက ကျွန်တော်က အဆင့်သတ်မှတ်လို့ရတဲ့တစ်ခုလုပ်စရာမလိုဘဲ အတတ်နိုင်ဆုံးလုပ်ရင်ရပြီတဲ့..."

သူတို့ဆရာအကြောင်းပြောလိုက်တာနဲ့ ကျင်းထုံ ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
" ဆရာက ငါ့ကိုမင်းရဲ့ လက်နက်ကိုစစ်ဆေးဖို့ပြောထားတာ..။ဆိုလိုတာက မင်းငါ့စကားနားထောင်ရမယ်..။ မင်းရဲ့လက်နက်က အရည်အသွေးမပြည့်မီဘူးလို့ ငါပြောရင် အဲ့တာက အရည်အသွေးမပြည့်မိလို့ဘဲ..။ ငါပြောတဲ့အတိုင်းမလုပ်ရင် မင်းကျောင်းတော်ကထုတ်ပယ်ခံရပြီး ဘယ်တော့မှ ရွေးချယ်ခံရမှာမဟုတ်တော့ဘူး..."

ယင်ထောင် ကျောင်းတော်မှာစတက်ကတည်းက ဆရာက သူ့ရဲ့ပါရမီကိုအမြဲချီးကျူးပြီးတော့ လက်နက်သန့်စင်ထုလုပ်တာကိုလည်း ကိုယ်တိုင်သင်ပေးလေ့ရှိသည်။ ကျင်းထုံကိုတော့ ဒီလိုမျိုးတစ်ခါမှ မလုပ်ဖူးပေးပေ။ ယင်ထောင်က အခုမှစတင်လေ့လာသင်ယူနေသူဖြစ်ပေမဲ့ ဆရာသင်ပေးသမျှကို ထူးထူးချွန်ချွန်လိုက်လုပ်နိုင်သောကြောင့် ဆရာ့ရဲ့ အချစ်ဆုံးတပည့်ဖြစ်လာခဲ့သည်။

အနာကျင်ရဆုံးကတော့ သူက ကလေးတစ်ယောက်နဲ့တောင်ယှဥ်လို့မရဘဲနဲ့ သူသာယင်ထောင်၏တစ်ဝက်လောက် ထက်မြက်ပြီး ပါရမီရှိခဲ့မယ်ဆိုရင် သူအောင်မြင်နိုင်လိမ့်မည်လို့ သူ့ဆရာက ပြောခဲ့တာဖြစ်သည်။ သူ ယင်ထောင်ကို မနာလည်းမနာလိုသလို ဒေါသလည်းထွက်ခဲ့ရသည်။

သူ့ဆရာက လူတွေအရှေ့မှာ ဂုဏ်ယူဝံ့ကြွားစွာပြောဆိုတဲ့အခါမှာလည်း သူ့ဆရာပြောဆိုတဲ့သူက ယင်ထောင်သာဖြစ်ပြီး သူ ကျင်းထုံမဟုတ်ပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now