*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား

Start from the beginning
                                    

တစ်ခြားအစေခံတစ်ယောက်ကလည်းပြောလာသည်။
"သူတို့နဲ့စကားများနေတာအချိန်ကုန်တယ်..သခင်လေးရဲ့ဆရာဆီသွားပြီးတော့ ဘယ်သူ့ဟာကပိုကောင်းလဲဆိုတာနဲ့ ဘယ်သူကခိုးကူးထားလဲ ဆိုတာ သွားဆုံးဖြတ်ခိုင်းကြတာပေါ့..."

"ခင်ဗျား ပြောတာမှန်တယ် သွားပြီးဆရာ့ကိုဆုံးဖြတ်ခိုင်းကြတာပေါ့.."

ထို့နောက် အစေခံတွေလည်း သူတို့သခင်လေးတွေနဲ့အတူထွက်သွားကြသည်။ ကောင်လေးတွေကဘမထွက်သွားခင်မှာ ယင်ထောင်ရဲ့ မှော်လက်နက်အပေါ်ကိုတက်နင်းသွားကြ၏။

"ခွေးမသားတွေ!!! " ယင်ထောင်က သူတို့ကိုအော်ဟစ်ရင်းနဲ့ သူ့မှော်လက်နက်ကို ဂရုတစိုက် ပြန်ကောက်ယူလိုက်သည်။

ရုန်ယိမျက်မှောင်ကြုတ်သွားသည်။ ဒီကလေးဘယ်ကနေ ဒီလိုရိုင်းစိုင်းဆဲဆိုတဲ့စကားလုံးတွေသင်လာတာလဲ....။

"ခွေးသား...."

ရုန်ယိ သည်းမခံနိုင်တော့ပေ။ သူ့ညီတွေကိုဆူသလိုမျိုး ဒီကလေးကိုပါ သူဆူလိုက်သည်။
"မင်းကို ဒီလိုညစ်တီးညစ်ပတ်စကားတွေ ဘယ်သူသင်ပေးလိုက်တာလဲ!!..."

သူကိုယ်တိုင်လည်း ဆဲတဲ့စကားတွေ ခဏခဏပြောတတ်ပေမဲ့လည်း ဒီလို ရိုင်းစိုင်းဆဲဆိုတဲ့စကားလုံးတွေတော့ တစ်ခါမှမပြောပေ။

သူ့ရဲ့ နျန်တျဲ့ဆီကနေဆူခံရတာက ယင်ထောင်အတွက်တော့ ဒါပထမဆုံးအကြိမ်ဘဲဖြစ်သည်။ သူမှားနေသလိုခံစားလိုက်ရပြီး သူ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတော့သည်။

ခြံဝန်းထဲက အစေခံတွေအကုန်လုံး သူ့အတွက်စိတ်မကောင်းဖြစ်သွားကြပြီး ရုန်ယိကို ဒေါသတွေနဲ့စိုက်ကြည့်လာကြသည်။

ရုန်ယိ  "......."

သူကလေးကိုမဟုတ်တာတွေ သင်ပေးလိုက်မိလို့လား...။

ယင်ထောင်က မျက်ရည်တွေပွတ်သုတ်နေပြီး မငိုဖို့ကြိုးစားနေတာကိုကြည့်ရင်း ရုန်ယိ သူ့အတွက်စိတ်မကောင်းသလိုခံစားလိုက်ရသည်။ သူ ကလေးကိုပြန်ချော့လိုက်သင့်တယ်လို့တွေးနေတုန်းမှာဘဲ ဒေါသတကြီးအော်ပြောလာတဲ့အသံကိုကြားလိုက်ရ၏။
" သောက်ခွေးတဲ့မှ!!!.....ဘယ်သောက်ကောင်က ငါ့တပည့်ကို အနိုင်ကျင့်လိုက်တာလဲကွ!!... ငါအဲ့သောက်ကောင်ကို သေတဲ့အထိကိုလုပ်ပစ်မယ်!!!... "

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now