"သား​တော် ဘာ​ပြောလိုက်တာလဲ"

"မလုပ်ဘူး အဲ့လက်ဆက်ပွဲကို......ကိုကိုမဟုတ်တဲ့သူကိုလက်ဆက်မှာမဟုတ်ဘူး"

"​ယောင်းရဲ့ ကိုကိုက-"

"မ​ခေါ်နဲ့ ​ယောင်းဆိုတာ ကိုကိုဘဲ​ခေါ်တာ ကိုကိုကလွဲပြီးတစ်ခြားသူ​ခေါ်တာမကြိုက်တာမို့မ​ခေါ်နဲ့"

ထယ်​ယောင်းထိုလူကို ​အော်​ပြောမိသည်။ကိုကိုမဟုတ်တဲ့အခြားသူ​ခေါ်တာ နားထဲတွင် အလွန်ခါးသီးလွန်းသည်။

"ဟန်ထယ်​ယောင်း!!!!"

"ဟန်ထယ်​ယောင်းမဟုတ်ဘူး ကင်ထယ်​ယောင်း!!"

"မင်း!!!!"

ထယ်​ယောင်းသည် သူ့​ရှေ့ကအရာမှန်သမျှကို ရန်မူ​နေ​သော ​က​လေး​ပေါက်စ​လေးလို......

"မင်းကြီး ကျွန်​တော်မျိုး ​ယောင်းကို​သေချာနား၀င်​အောင်​ပြောပြလိုက်ပါ့မယ် ​​ဗွေမယူပါနဲ့"

ထိုလူက အရိုအ​သေ​ပေးကာ ထယ်​ယောင်းနားလာပြီး ​စွေ့ခနဲ့ ထပ်မံ​ပွေ့ချီခံလိုက်သော လက်ကြမ်းကြီးများ.......

"​အောက်ချ​ပေး​တော့"

"​ဗိုက်၀သွား​တော့ ကိုယ့်ဇနီး​လောင်း​လေးက အသံ​တော်​တော်ထွက်လာပြီ​ဘဲ"

"ခုချက်ချင်း​အောက်ချ​ပေးစမ်း!!!"

အမိန့်ဆန်ဆန်အော်လိုက်​တော့ ချက်ချင်းမျက်နှာပျက်သွား​သော ထိုလူ။​အောက်ကိုမချ​ပေးဘဲ ခက်ထန်​သောမျက်နှာဖြင့် ​မှောင်မဲ​နေ​သော​ခုဏကအခန်းဆီသို့​ခေါ်လာသည်။

"ငါ့အ​ဆောင်ငါပြန်မယ် ​အောက်ချ​ပေး မယ်မယ်နဲ့​တွေ့ရအုံးမယ် ဖယ်စမ်း"

ရင်ဘက်ကိုဘယ်​လောက် တွန်းထုတ်ထုတ် ဘယ်​လောက်ရိုက်ရိုက် မလွှတ်​ပေးတဲ့လူ......အ​မှောင်ခန်းထဲ
​ခေါ်လာကာ အိစက်စက်​အိပ်ရာလို့ထင်ရသည့် အရာ​ပေါ်ချ​ပေးသည်။

"ဒီထဲမှာ ငြိမ်ငြိမ်​နေ"

"မ​နေဘူး ငါ့ကိုအမိန့်ပေးသလိုလာမ​ပြောနဲ့ ငါကဒီနိုင်ငံရဲ့ မင်းသား​နော်"

"အဲ့တာဆို ​ယောင်းမှားသွားပြီ ​ယောင်းကကိုယ့်ဇနီး​လေ ကိုယ့်စကားနား​ထောင်ရမှာ​ပေါ့ လိမ်လိမ်မာမာနဲ့ ကိုယ်တို့လက်ဆက်မဲ့ရက်ကို ဒီထဲက​စောင့်​နေ​နော်"

More  Than  Love::TK::{Completed}Where stories live. Discover now