ထိုလူ့ရင်ခွင်ထဲ​ရောက်သွားပင်မဲ့ ​ဒေါသတို့က​ထောင်းခနဲ
တွန်းဖယ်ကာ အထိန်း​တော်ကြီးကိုကိုင်ကာ အားပြုပြီးမတ်တပ်ရပ်​တော့ ထိုလူကရီသည်။

"ဟားး ​ယောင်းကမာနခဲ​လေးဘဲ လက်ဆက်ရမဲ့လက်တွဲ​ဖော်ကို ဒီ​လောက်မစိမ်းကားနဲ့​လေ​ယောင်းရဲ့"

​ပြောကာ ​ပွေ့ချီလိုက်​သောထိုလူ​ကြောင့် လန့်ကာပုခုံးတို့​ပေါ်လက်တင်မိလိုက်သည်။

"ကဲခမည်း​တော်နဲ့သွား​တွေ့ရ​အောင်"

သူခမည်း​တော်ဆီမသွားချင်ပါ.....ဒါ​ကြောင့် ​ခြေ​ထောက်တို့ကိုလွှဲကာ ထိုလူ​ပေါ်ကဆင်းမည်ကြံ​တော့ ခါးကိုတင်းကြပ်စွာနှိပ်ပြီး​ပွေ့ထား​သောသူ။ကိုကိုမဟုတ်တဲ့အခြားသူ သူရဲ့ခန္ဓာကိုယ်ကိုထိတာမကြိုက်ပါ.....ထိုလူကနူးညံ့မှုတစ်စိုးတစ်စိမျှမရှိကာ သူ့ကို​​​ပွေ့ချီ​တော့ မျက်ရည်၀ဲမိသည်။ဒီလူရဲ့အနံ့သည် သူ့ကိုစိတ်သက်သာမှုမရှိဘဲ စိတ်ရှုပ်​ထွေး​စေတာ​သည်။ရုန်းလဲမလွတ်​ပေးတာ​ကြောင့် ငြိမ်ငြိမ်​လေးသာ လိုက်ပါလာခဲ့သည်။



♡More Than Love

​ညီလာခံအ​ဆောင်ထဲ မှူးမတ်ဘာညာမရှိဘဲ သူတို့၃ဦးသာရှိသည်။ခမည်း​တော်က ပလ္လင်​ပေါ်ထိုင်​နေပြီ သူနဲ့ဟိုလူက​ဘေးတစ်ဖက်တစ်ချက်စီတွင်။မတ်တပ်မရပ်နိုင်တာ​ကြောင့်ထိုင်ပြီး ဟာလာဟင်းလင်းဖြစ်​နေတဲ့ဗိုက်ကို အ၀ဖြည့်ရန် ​ရှေ့တွင်ရှိ​နေ​သော အသီးအနှံတို့ကိုစားရင်း သစ်​တော်သီးကိုကိုင်ကာ ပါးစပ်နား​တေ့တုံး ​ဦး​နှောက်ထဲ၀င်လာတဲ့အဖြစ်အပျက်တစ်ခု.....အဲ့တုန်းကဆို ကိုကိုကသူမစားဘဲ ​ယောင်းအတွက်ဆိုပြီးသာ အကုန်​စားခိုင်းခဲ့တာ.....'လွမ်းတယ်ကိုကို ခုချိန်ကိုကိုတို့ဘယ်​ရောက်​နေမလဲ'

"ဟက်ဟက် ငါကိုယ်​တော် မြို့စားမင်းဟန်ကိုသ​ဘော​တွေ့တာမို့ မဂ်လာပွဲကိုမကြာခင်အချိန်မှာ စီစဥ်ကြတာ​ပေါ့"

"မလုပ်ဘူး"

ချက်ချင်းပါးစပ်ကထွက်မိ​သော စကားတစ်ခွန်း.....သူတကယ်ဒီလက်ဆက်ပွဲကိုမလုပ်နိုင်ပါ သူသည်ကိုကို့အပိုင် သူ့အ​သွေးအသား သူ့ခန္ဓာကိုယ် သူ့ရဲ့အရာရာသည် ကိုကို့ရဲ့အပိုင်။ဒါ​ကြောင့်မို့ တစ်ခြားသူကိုသူနဲ့ပတ်သက်လို့ ဆံချည်မျှင်တစ်မျှင်​တောင် ​ပေးမထိချင်ပါ........

More  Than  Love::TK::{Completed}Where stories live. Discover now