လေပြေသွေးလေးများတဖြူးဖြူးတိုက်ခက်နေပြီ ထို
လေအေးများအတူ ခရေနံ့သင်းသင်းလေးကိုလည်း ရှု
ရှိုက်ရသည်မှာ စိတ်နှလုံးဘဝင်အေးချမ်းလှပါသည်။
ဤခရေနံ့လေးရဲ့အဓိကရင်းမြစ်ဖြစ်သည့်ခရေပင်ကြီး
မှာဤရွာလေးရဲ့အဓိကနေရာဖြစ်သည်။
ခရေပင်များဟိုတစ်ပင်ဒီတစ်ပေါက်ရောက်နေပြီးဤမြေနေရာလေးကိုခရေဝိုင်းဟုအမည်မှည့်ခေါ်ကြသည်။
ထို ဝိုင်းလေးထဲတွင် ဤထနောင်းသုံးပင်ရွာလေးသာ
မက အနီးနားရှိရွာများဖြစ်သည့် ထန်းပန်ကုန်း ဆိတ်ဖြူကုန်း သရက်ခြံစာသည့်ရွာများအပြင်အခြား
သောရွာများကပါအမှီသဟဲပြုနေရသော ဆေးခန်း
လေးဖွင့်ထားသည်။
ဤဆေးခန်းလေးရဲ့ပင်တိုင်ဆရာဝန်လေးကတော့
ထွဋ်မြတ်အာကာ တဲ့။ အသက်ငယ်ငယ်ချေားချေား
လေးဖြစ်ပြီးသဘောကောင်းဖော်ရွေကာအယုတ်အလတ်အမြတ်မရွေးကုပေးသည်။
အရပ်ရှည်သူတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုဖွင့်ထွား
သည်။ အသားအရေကောင်းမွန်သူဖြစ်ပြီး ဖြူဖွေး
သောအသားရေလေးမှာကြည်လင်နေသည်။
ဆံပင်ကိုသပ်သပ်ရပ်ရပ်ကိုက်ထားပြီး ဆံပင်လေးကို
ဘေးသို့ခပ်ယိုယိုင်လေးဖီးထားသည်။ ထူထဲသောမျက်ခုံးမွေးလေးများက အသားဖြူသော
ကြောင့်ထင်းနေသည်။ ညို့အားပြင်းတဲ့မျက်လုံး
လေးများကအရောင်လဲ့လဲ့ ဖြောင့်စင်းနေသော နှာတံ
လေးကသူ့ရဲ့မျက်နှကျလေးလိုက်ဖက်စွာ နုတ်ခမ်း
လေးများက ရဲနေသည်မမည်သော စိုနေသည် တအား
ရဲနေသည်မဟုတ်ပဲသဘာဝအတိုင်းလေးစိုနေသည်။
အားလုံးခြုံပြောရရင် ထွဋ်မြတ်အာကာ ဆိုသည်မှာ
အရာအားလုံးပြည့်စုံသည်။ ရုပ်ရည်ရူပကာ ပညာ
ဥစ္စာအရာအားလုံးရှိသည်။
သူဒီမှာတာဝန်ကျတာ ၂နှစ်ရှိပြီဖြစ်သည်။မှတ်မှတ်ရရ သူဒီကိုပထမဆုံးလာတဲ့နေက သူ့အ
တွက်ရွာကစီစဥ်ပေးထားတဲ့အိမ်ကိုမသွားတက်ဖြစ်
နေသည်။ အကူညီတောင်းရန်ရှာသော်လည်း တစ်ဦး
မှမတွေ့။ ထိုအချိန်တွင်ကောင်းလေးတစ်ယောက်နဲ့
လမ်းမှာတွေ့ပြီး သူကပဲကူညီပေးခဲ့သည် ။ နာမ်မည်
မေးတော့ ဖိုးလမင်း တဲ့ နာမ်မည်လေးနဲ့လူနဲ့လည်း
လိုက်ပါရဲ့အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်လေး
နဲ့ ချစ်စရာကောင်းလှသည်။ ထိုကောင်လေးကိုစတွေ့
ကတည်းချစ်မိနေတာဖြစ်သည်။ သူ့ကိုသူအစထဲက
gay တစ်ယောက်အဖြစ်ခံယူထားသော်လည်း
ယောက်ျားလေးတစ်ယောက်အပေါ်မှာနှစ်နှစ်ကာကာ
ချစ်မိသည်မှာပထမဆုံးဖြစ်သည်။
သူနဲ့စတွေ့သည့်အချိန်က ထိုကောင်လေးက ကိုးတန်း
တက်ရမည်ဖြစ်သည်။ အဲလအချိနိက ကလေးသာ
သာကောင်းက ခုဆိုထွားလာသည်။ ထိုအချိန်က ကလေးမို့ဖွင့်မပြောပေမဲ့ ခုတော့ သူလည်းရန်ခုန်တက်
စအရွယ်သို့ရောက်ရှိလာပြီဖြစ်၍သူ့အချစ်ကိုဖွင့်ဟရန်
ရည်ရွယ်ထားသည်။ သူ့ကိုဆရာ ဆရာနဲ့ ခေါ်တာမ
ကြိုက်လို့ ကိုကို ဟုခေါ်ခိုင်းသော်လည်း အကိုဟုသာ
ခေါ်သည် ။ သူကတော့စတွေ့ကတည်းကနာမ်စား
လေး ညီ ဟုသာခေါ်သည်။
အရမ်းချစ်တယ်ညီရယ်။
