၁၉ အဆက်

Start from the beginning
                                    

ဒီလို ဆုံးဖြတ်ရာတွင် မျှတမှုရှိစေ၇န်အတွက် နက်ဝေါ့သို့ မှတ်တမ်းတင်ထားသမျှကို ပြန်လည်တင်ပေးမည်ဖြစ်ပြီး အင်ပါယာရှိ လူတိုင်း ဒါကို အရသာခံကာ အကဲဖြတ်နိုင်မည်ဖြစ်သည်။ထိုနည်းဖြင့် မျှတမှုရှိမည့်အပြင်  မရိုးမသားလုပ်ဆောင်ခြင်းတို့ကိုလည်း ဖော်ထုတ်နိုင်ပေလိမ့်မည်။

ပြောရလျှင် ပါ၀င်ပစ္စည်းတို့ကို ရောချက်ကာ အရသာရှိအောင်လုပ်ရခြင်းက အလွန် ခက်ပေသည်။ထို့ကြောင့် ယှဉ်ပြိုင်သူအများစုသည် တစ်မျိုးကို တစ်ပွဲ လုပ်လေ့၇ှိကြသည်။သို့သော်ယွမ့်ထန်းအတွက်မူ မခက်ခဲပေ။

သူက စစ်ဆေးပွဲ စရန် စောင့်ဆိုင်းနေချိန်တွင်အခြား ပါ၀င်ယှဉ်ပြိုင်သူတို့ ပြောသမျှ စကားတို့က နားထဲ၀င်နေလေသည်။

“ အား သွားပြီ သွားပြီ အကယ်ဒမီက ပစ္စည်းအသစ်နှစ်မျိုး ထုတ်လိုက်ပြီ”

“ ဘုရားရေ ဒါကို ထည့်မမေးလောက်ပါဘူးနော်”

တစ်စုံတစ်ယောက်က မတိုင်မီက ကမ္ဘာပျက်နေသူကို စိတ်ပျက်အားငယ်စွာ ပြန်ဖြေသည်။
“ ဖြစ်နိုင်ချေတော့ ရှိတာပဲ။ စစ်ဆေးတဲ့အခါ ပစ္စည်းတွေကို ရှော့ပင်းဆိုက်က ကြည့်တာလေ။ အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် မဆိုင်ဘူး”

“အကယ်ဒမီက ဘာလို့ ဒီနေ့မှ ကောက်ခါငင်ခါနဲ့ နှစ်မျိုးတောင် အသစ်ထုတ်လိုက်တာလဲ”

ထိုစကားတို့ကို ကြားသည့်အခါ ယွမ့်ထန်း မျက်ခုံးပင့်လိုက်သည်။ သူ ရှော့ပင်းဆိုက်ထဲ ၀င်လိုက်ချိန်တွင်  အနီနှင့်အစိမ်းရောင် ရှည်လျားသော အတောင့်လေးတွေကို မြင်လိုက်ရသည်။ယွမ့်ထန်း၏ မျက်၀န်းတို့ တောက်ပသွားလေသည်။ အစပ်အတွက် လိုအပ်သမျှကို ၇လေပြီ။  အစပ်ထည့်လိုက်သည်နှင့် မည်သည့်ဟင်းလျာမဆို အရသာ၇ှိသွားပေလိမ့်မည်။ထိုအရသာကို လူသားတို့ စွဲလန်းသွားပေလိမ့်မည်။

ထို့အပြင် သူက အကယ်ဒမီမှ အကြံပေးတစ်ယောက်ဖြစ်သဖြင့်  ငရုတ်ပွနမူနာကို ရပြီးလေပြီ။ သူ အရသာခံပြီးနောက် အရသာက စစ်မှန်ကြောင်း တွေ့လိုက်ရသည်။ရေဓာတ်များပြီး အချိုကဲနေသည်။  အရသာက မင်သက်ဖွယ်ပင်ကောင်း၏။ သူ မနက်ဖန် တိုက်ရိုက်ထုတ်လွှင့်သည့်အခါ  အစပ်ဟင်းလျာတို့ ချက်၇န် တွေးထားသော်လည်း ယခု ထိုအကြံကို ပြောင်း၇န် လိုအပ်နေလေပြီ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now