ကောင်တာကကောင်လေးက ကိုယ့်ကိုဘယ်သူမှန်းမသိလို့အဆင်ချောပေမယ့် ထိုင်စောင့်နေရင်းက ဆိုင်ထဲဝင်လာတဲ့ကောင်လေးကျ ဝင်လာထဲကကွက်ကြည့်ကွက်ကြည့်လုပ်နေလို့ မသိချင်ယောင်ဆောင်ကာ အပြင်ကိုငေးနေလိုက်ရသည်။

" Koo ငါလာတယ် "

Jimin ကဆိုင်ထဲကိုကြွကြွရွရွလေးလှမ်းဝင်သွားရင်းက ကောင်တာက Jungkook ကိုလှမ်းပြီးနှုတ်ဆက်လိုက်သည်။

" တစ်ယောက်တည်းလား "

" ဘယ်ဟုတ်မလဲ Jin Hyung ကားထဲမှာပါတယ် "

" ဒီအချိန်ကြီးဘာလာလုပ်တာလဲ "

" ညဘက်ကားမောင်းထွက်ကျင့်ရင်းနဲ့ လမ်းကြုံလို့ပါ "

တကယ်တော့မကြုံကြုံအောင် Jin Hyung ကို ချောဆွဲပြီးလာခဲ့ရခြင်းသာ။ ညမိုးချုပ်တဲ့အထိအလုပ်လုပ်နေရတဲ့ ကိုယ့်သူငယ်ချင်းတဖြစ်လဲ တိတ်တခိုးချစ်နေရသူလေးကို တတ်နိုင်သလောက် တစ်ရက်တစ်လေဖြစ်ဖြစ် သက်တောင့်သက်သာနဲ့ အိမ်ပြန်ပို့ပေးချင်သည်။ စိတ်ရှိတိုင်းသာဆိုရင်နေ့တိုင်းအကြိုအပို့လုပ်ပေးချင်ပေမယ့် ဒီအရွယ်အထိအိမ်မပိုင်သေးတော့လည်း ခက်လှသည်။

" duty ပြီးတော့မှာမလား အိမ်ပြန်ပို့ပေးမယ်လေ "

" အင်း ဒီ order တစ်ခုပြီးရင်ပြီးပြီ "

" Koo အဲ့လူကမင်းသားထင်တယ်နော် Kim Taehyung လေ သိတယ်မဟုတ်လား "

" ဟုတ်လား မသိဘူး "

စကားအဖြစ်သာမေးကြည့်လိုက်ပေမယ့် Koo မသိလောက်ဘူးလို့ထင်ထားပြီသားပါ။ အနုပညာနဲ့အလှမ်းဝေးတာမျိုးတော့မဟုတ်ပေမယ့် Koo စိတ်ဝင်စားတာက ရုပ်ရှင်ဇာတ်လမ်းတွေမဟုတ်ဘဲ သီချင်းတွေသာ။ Koo ကတစ်ချိန်ချိန်မှာသေချာပေါက်ထွန်းတောက်လာမယ့်အသံပိုင်ရှင်လေး။

" sushi 2 set order ရပါပြီ "

" ကျေးဇူးပါ "

ခုနကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့ကောင်လေးက ကောင်တာနားမှာရောက်နေလို့ ယူပြီးတာနဲ့အမြန်လစ်ဖို့ပြင်ရတော့သည်။ ကံကောင်းသွားတာက ထိုကောင်လေးရဲ့အာရုံတွေက ကိုယ့်ဆီမှာမရှိတော့ဘဲ ကောင်တာကကောင်လေးဆီမှာ အလုံးစုံရောက်နေသည်။ အချစ်နဲ့တွေ့နေတဲ့သူတွေရဲ့မျက်ဝန်းတွေက တစ်ချက်ကြည့်တာနဲ့ သိသာလွန်းပါတယ်လေ။

I hate that ' I love you 'Where stories live. Discover now