" ကဲ ဒီနေ့ဒီလောက်ပဲဟေ့ အားလုံးပဲတာဝန်ကျေပါတယ် "
နောက်ဆုံး night scene ကို အောင်မြင်စွာရိုက်ကူးပြီးတဲ့အခါ အချိန်ကည ၁၂:၃၀ ရှိနေပြီဖြစ်သည်။
" ပြန်ပြီ Hyung .. အော် ဟိုတစ်ခါ Hyung ပြောတဲ့ ညလုံးပေါက်ဖွင့်တဲ့ sushi ဆိုင်ဆိုတာ ဘယ်နား? "
" Yongsan မှာလေ..လိပ်စာပို့ပေးလိုက်မယ်..ဘာလဲ ကြောင်စာကျွေးဖို့မလား "
" ဒါပဲပေါ့..အခုချိန်ထိ studio မှာရှိနေဦးမှာ "
" အေးပါ တစ်မိုးအောက်ကမင်းသားရယ် "
" ပို့လိုက်နော်..လစ်ပြီ "
ကိုယ်တိုင်က တစ်နေကုန်တိုက်ရခိုက်ရ အကြမ်းပတမ်းတွေလုပ်ခဲ့ရပေမယ့် ကွန်ပျူတာတစ်လုံးနဲ့စက်ပစ္စည်းတွေရှေ့မှာ တကုပ်ကုပ်ရှိနေမယ့်သူလေး ပင်ပန်းနေရမှာကိုသာ တွေးပူနေမိတာမျိုးကို ဝဋ်ကြွေးလို့တော့မသုံးနှုန်းချင်ပါဘူး။ အဲ့ဒါကအချစ်ပါ။ အချစ်ဦးလေးဆိုတော့လည်း အရူးအမူးပဲပေါ့။
" ကြိုဆိုပါတယ် "
မျက်နှာကိုအပြည့်လုံအောင်အုပ်ထားပြီး ဦးထုပ်ပါဆောင်းထားပေးမယ့် လူရှင်းတာကိုစောင့်ပြီးမှသာ ဆိုင်ထဲဝင်ရဲသည်။ ဒီဆိုင်က ကောင်တာမှာက အလုပ်သမားကောင်လေးဖြစ်နေလို့ နည်းနည်းတော်သေးတယ်လို့ပြောရမလားပဲ။ တစ်ခါတစ်ခါကောင်မလေးတွေနဲ့တိုးရင် ဘယ်လောက်အုပ်ထားထား သူတို့ကမှတ်မိနေကြတာပဲဆိုတော့ သတင်းတွေကပျံ့တတ်သည်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဒါကလည်း အချစ်အတွက်စွန့်စားခန်းတွေထဲက တစ်ခုပေါ့။
" sushi 2 set ပေးပါ "
" ဟုတ်ကဲ့ ၁၅ မိနစ်လောက်စောင့်ရပါမယ် "
" ဒီဆိုင်က delivery ရလား "
" ရပါတယ်...မနက်ပိုင်းကတော့ ဘယ်ကမဆိုရပေမယ့် အခုလိုညဘက်ဆိုရင်တော့ ဒီနားအနီးတစ်ဝိုက်ကမြို့နယ်တွေကိုပဲပို့ပါတယ် "
" အော် အိုကေ "
ဆိုင်ကကိုယ့် PD လေးနဲ့ မနီးမဝေးမှာရှိနေတာဆိုတော့ မေးစရာရှိတာတွေကို မေးထားရသည်။ PD လေးကတစ်ဆိုင်ကြိုက်ရင် အဲ့ဆိုင်ကပဲမှာစားတတ်တဲ့အကျင့်ရှိတော့ ကိုယ်ကအလိုက်သိရသည်။
YOU ARE READING
I hate that ' I love you '
Fanfictionကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
Part : 1 💘
Start from the beginning
