" Namjoon Hyung..ရှေ့လျှောက် night scene တွေမရှိတော့ဘူးမလား "
" အေး ပြီးသလောက်တော့ရှိပြီ..night scene ကဒီညနောက်ဆုံးပဲ"
" ကောင်းတယ် "
" ဘာလဲ ကြောင်ပေါက်နဲ့နှပ်ဖို့လား "
" ဒါပေါ့ "
" ကြောင်ရူးပြန်ပြီးသေမယ့်ကောင် "
ဇာတ်လမ်းရဲ့ဟိုးအစကတည်းက အောင်သွယ်တော်ဇာတ်ပို့ကြီးဖြစ်ခဲ့သူ Namjoon Hyung က အကုန်လုံးကို အတွင်းသိအစင်းသိဆိုတော့ အမြဲစချင်နောက်ချင်ပါပဲ။ ဒါရိုက်တာကြီးက ရုပ်ရှင်ရိုက်ဖို့ဇာတ်ညွှန်းကောင်းကောင်းတွေကိုပဲ ရွေးချယ်ပေးတတ်ရုံမက Kim Taehyung ဘဝရဲ့အချစ်ဇာတ်လမ်းလေးကိုလည်း ကောင်းကောင်းရေးဆွဲပေးခဲ့သူဖြစ်သည်။
အချစ်တို့မွေးဖွားရာ တစ်ခါတုန်းက ဒါရိုက်တာကြီးရဲ့ရိုက်ကွင်းမှာပေါ့။
" Taehyung..ဒီဘက်က Min Yoongi..Min PD လေ..ကြားဖူးတယ်မဟုတ်လား "
" Min PD သူက Kim Taehyung တဲ့..ဒီကားရဲ့ခေါင်းဆောင်မင်းသား "
" တွေ့ရတာဝမ်းသာပါတယ် Min PD nim..အခုမှတွေ့ဖူးပေမယ့် နာမည်ကိုကြားဖူးနေတာတော့ကြာပါပြီ "
" အင်း "
မင်းသားချောရဲ့ဝမ်းသာအားရနှုတ်ဆက်စကားကို အင်းတစ်လုံးထဲပဲပြန်ဖြေပြီး သူလုပ်စရာရှိတာပြန်လုပ်နေတဲ့ PD လေးက ချေမိုးနေတာတောင်မှ မုန်းစရာမကောင်းခဲ့တာ ထိုအချိန်ကတည်းကပါ။
" Taehyung တစ်မျိုးမထင်နဲ့ အဲ့ကောင်ကအဲ့အတိုင်းပဲ..ပေါင်းသင်းဆက်ဆံရေးညံ့တယ် "
" အေးဆေးပါ.. ဒါနဲ့ Min PD ကရိုက်ကွင်းကိုဘာလို့ရောက်နေတာ? "
" ဒီတစ်ကားလုံး background music အတွက် Min PD ကိုအပ်ထားတာလေ..အဲ့ဒါကြောင့် ရိုက်ကွင်းကိုလာလာကြည့်ဖို့ခေါ်ထားရတာ...တောင်းတောင်းပန်ပန်ခေါ်ထားရတာကွာ..ကိုယ်တော်ကသိပ်ကြွချင်တာမဟုတ်ဘူး အပိုလုပ်တယ်တောင်ပြောနေတာ "
အတင်းပြောချင်ပေမယ့် Min PD ကြားမှာလည်းစိုးနေသောဒါရိုက်တာကြီးက လေသံတိုးတိုးလေးဖြင့်ပြောပြနေသည်။
ထိုအချိန်ကတော့ ဒီအတိုင်းလူထူးလူဆန်းလေးတစ်ယောက်လို့သဘောထားခဲ့မိပေမယ့် နောက်ပိုင်းတွင် Min PD ကိုတစ်ရက်မမြင်ရရင် နေမထိထိုင်မသာတွေဖြစ်ရတဲ့အထိ လူထူးလူဆန်းဖြစ်သွားရသူကတော့ကိုယ်ကိုယ်တိုင်သာ။
YOU ARE READING
I hate that ' I love you '
Fanfictionကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
Part : 1 💘
Start from the beginning
