ဒါက ကိုရီးယားရဲ့ ထိပ်တန်းမင်းသားလေး Kim Taehyung က သူ့ချစ်သူ PD လေးအပေါ် အဖြူထည်ကျိုးနွံတတ်မှုလေးတွေထဲကတစ်ခုပေါ့။

#...💘...#

" ရိုက်ကွင်းစမယ်ဟေ့ "

ဒါရိုက်တာကြီး Kim Namjoon က လော်စပီကာနဲ့ လှမ်းအော်လိုက်သောအခါ ရိုက်ကွင်းတစ်ခုလုံးကလှုပ်လှုပ်ရှားရှားဖြင့် ကိုယ်တာဝန်ယူထားရာအပိုင်းကို လုပ်ကိုင်ဖို့အဆင်သင့်ပြင်ကြတော့သည်။

" Scene 22 Take 1 Action! "

မင်းသားချော Kim Taehyung က ပြိုင်ကားဖြင့် အကြမ်းပတမ်းဝင်ရောက်လာသည်။ ကားရပ်တာနဲ့တစ်ပြိုက်နက် သံတုတ်ကိုယ်စီဖြင့် ဘေးနားမှာဝိုင်းအုံလာသူတို့ကို ကားပေါ်ကမဆင်းခင် တစ်ချက်ဝှေ့ရမ်းကြည့်လိုက်သည်။ ထို့နောက် ကားတံခါးကို ဆောင့်တွန်းဖွင့်ချကာ ထွက်လာလိုက်ပြီး လူကြမ်းတစ်အုပ်နဲ့မင်းသားချောရဲ့ရန်ပွဲကစတင်တော့သည်။

" Cut! ကောင်းတယ်..မင်းသားက တံခါးဖွင့်တဲ့နားမှာအရှိန်နည်းနည်းလျှော့မယ်နော်..ကျန်တာဒီအတိုင်းအဆင်ပြေနေပြီ..Take 2 စမယ် Ready Action! "

မင်းသားတစ်ယောက်လုပ်ရတာ လွယ်တဲ့အလုပ်မဟုတ်ဘူးလို့ပြောရင် Action မင်းသားလုပ်ရတာ ပိုလို့တောင်လွယ်တဲ့အလုပ်မဟုတ်ပါ။ အတိုက်အခိုက်တွေနဲ့အတူ မျက်နှာအမူအရာတွေကိုပါ ဟာကွက်မရှိအောင်အထပ်ထပ်လေ့ကျင့်ရသည်။

ပွဲဦးထွက်စကနေ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်သည်အထိ Kim Taehyung ကအခုလို Action ကားတွေမဟုတ်ဘဲ နုနုရွရွအချစ်ကားလေးတွေသာရိုက်ခဲ့တဲ့သူပါ။ သို့သော်လည်း တကယ့်အချစ်ကိုရှာတွေ့ပြီးသွားတဲ့နောက် အချစ်ဇာတ်ဝင်ခန်းတွေကို တတ်နိုင်သမျှရှောင်ရှားခဲ့တဲ့သူပေါ့။ အင်တာဗျူးတွေကမေးလာတဲ့အခါ အသက်အရွယ်ရင့်ကျက်လာတာနဲ့အမျှ မတူညီတဲ့ဇာတ်ကောင်တွေကို ကြိုးစားကြည့်ချင်လို့ပါလို့ဖြေနေပေမယ့် တကယ့်အဖြေမှန်ကတော့ Min PD လေးပါ။

Min PD ကအဖြေမှန်ဆိုလို့ သူကချစ်ခန်းကြိုက်ခန်းမရိုက်ဖို့တားသလားဆိုရင်တော့ No ပါပဲ။ ကျနော့်ရုပ်ရှင်တစ်ကားကို အစအဆုံးပြီးအောင်ကြည့်ဖူးရင်တောင် ကံကောင်းတယ်ပြောရမှာပေါ့။ PD လေးက သူ့အလုပ်ခန်းမှောင်ကုပ်ကုပ်လေးမှာပဲ ခေါင်းနှစ်ထားပြီး လောကကြီးကို မေ့နေတတ်တဲ့သူမျိုး။ သဝန်တိုဖို့အချိန်မှာ beat အသစ်တစ်ခု ဖန်တီးလိုက်ဖို့သာ တွေးတတ်သူလေးပါ။

I hate that ' I love you 'Where stories live. Discover now