" ကိုယ်ကတော့လွမ်းနေတာ "
" ငါကောင်းကောင်းမအိပ်ရသေးတာနှစ်ညရှိပြီ...စကားတွေအများကြီးမပြောချင်ဘူး "
" စိတ်ချ..စကားမပြောခိုင်းဘူး "
အတိုးချပြီးအနမ်းလေးတွေပဲပေးချင်တာပါ။ ပါးလေးကိုစုပ်ယူလိုက်တော့အသံလေးကအင့်ခနဲ။ အလုပ်သိပ်ကြိုးစားတဲ့ music producer လေးက နှစ်ညလောက်ကောင်းကောင်းမအိပ်ရသေးဘူးဆိုတာ တကယ်ဖြစ်ပုံပေါ်သည်။ အရင်လို ကုတ်ခြစ်ရုန်းကန်ဖို့တောင် သူ့မှာသိပ်ပြီးအားမရှိနေပါ။
နှုတ်ခမ်းလေးကို စုပ်ယူတော့လည်း PD လေးက ငြိမ်မြဲငြိမ်စဲ။ သိပ်အိပ်ချင်နေလို့ အိပ်ရပြီးရော လုပ်သမျှငြိမ်ခံနေပြန်တော့လည်း ဒီကလူမှာ အသည်းတွေယားကာ အားမလိုအားမရ ဖြစ်လာရပြန်သည်။
" ပြန်နမ်းပေးလေကွာ နော် "
" Kim Taehyung ! "
စိတ်ပေါက်ပေါက်နဲ့ ထထွက်သွားတော့မယ်ဆိုတာ ကြိုမြင်ပြီးသားမို့လို့ နဂိုထဲက လှုပ်လို့မရအောင် အတင်းဖိဖက်ထားပြီးသား။ စကားဆက်ပြောနေရင် ကိုယ်ပဲလှိမ့်ပိန့်အပြောခံရတော့မှာသိလို့ နှုတ်ခမ်းလေးကိုလည်း အမြန်ကြိုပိတ်လိုက်ရသည်။
အတင်းဖိနမ်းရင်းကမကြာပါဘူး အကိုက်ခံလိုက်ရတဲ့နှုတ်ခမ်းတွေ။ စပ်ဖျင်းဖျင်းဖြစ်သွားသည့်တိုင် အလျှော့မပေးဘဲဆက်တိုးတော့ နောက်ဆုံးမှာ PDလေးကပဲ သူ့နှုတ်ခမ်းပါးလေးကို တွန့်တိုစွာနဲ့ ဖွင့်ဟပေးလိုက်ရတာပါပဲ။
စပြီးချစ်ပါပြီဆိုကတည်းက တစ်ခါပြန်နမ်းဖို့အရေးကို အခုလိုကပ်စီးကုတ်တတ်ပါသော Min PD လေးကဘယ်တော့မှမပြောင်းလဲ။
တစ်ခါအကိုက်ခံရမှုအတွက် လည်တိုင်ဖြူဖြူလေးကို အကြွေးပြန်ဆပ်ခိုင်းတော့ ညည်းညည်းညူညူအသံလေးက အိပ်ချင်မူးတူးလေးရယ်။ စောင်ကြီးကိုဖယ်ရှားပစ်လိုက်တာနဲ့အတူ အင်္ကျီခပ်ပွပွကိုပါတွန်းလှန်ဖို့လုပ်တော့ လက်ချောင်းလေးတွေက ကြားဖြတ်တားမြစ်လာကြသည်။
" Tae ငါတကယ်အိပ်ချင်နေပြီ "
Tae လို့သူ့နှုတ်ကထွက်ကျလာရင် အရှိန်ပြတ်တာတွေဘာတွေဘာမှမသိတော့။ စောင်ကြီးကိုပြန်ဆွဲခြုံပေးကာ ရင်ခွင်ထဲထည့် ချော့သိပ်လိုက်ပြီးသားပင်။
YOU ARE READING
I hate that ' I love you '
Fanfictionကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
Part : 1 💘
Start from the beginning
