*14* သခင်လေးရုန် ဟုတ်တယ်မလား

Start bij het begin
                                    

ယင်ကျင်းရဲ့က ကလေးကသူ့ကို အဖေလို့ခေါ်မခေါ်ကို ဂရုမစိုက်ပေ။ သူကပုံမှန်အတိုင်းသာမေးလိုက်သည်။
" သူက စောပြီးမွေးလာတဲ့ အဲ့ဒီကလေးလား.."

"ဟုတ်ကဲ့.. အဲ့တုန်းက ကိစ္စတစ်ခုဖြစ်ခဲ့တာကြောင့် ယင်ထောင်က စောမွေးခဲ့ပြီး ကလေးနောက်တစ်ယောက်ကလည်း သေတော့မလိုဖြစ်ခဲ့တာ  ။ကံကောင်းတာက သခင်မကြီးကလည်း အဲ့ဒီနေရာမှာရှိနေခဲ့တာကြောင့်မလိုသာ ကလေးနှစ်ယောက်စလုံးကို ကယ်နိုင်ခဲ့တာ  ။ ကလေးနောက်တစ်ယောက်က သခင်လေးရုန်ရဲ့ ဗိုက်ထဲမှာရှိနေတုန်းပါဘဲ  ။ အဲ့ကလေးကပြန်ကောင်းလာဖို့ သူ့ရဲ့ယင်ချီကိုလိုအပ်နေပြီး သခင်ငယ်လေးကတော့ သူ့သွေးကို အာဟာရအဖြစ် လိုအပ်နေတုန်းပါဘဲ..။"   ရုန်ဟွမ်က ပြန်ဖြေပေးလိုက်သည်။

အဲ့တာကိုကြားလိုက်တဲ့အခါ ရုန်ယိ မသိစိတ်အရသူ့ဗိုက်သူထိကြည့်လိုက်မိသည်။ ဆိုတော့ သူ့ဗိုက်ထဲက ကလေးလေးက ဒီကလေးရဲ့ အမြွှာလေးပေါ့....

အခုမှ ယင်ကျင်းရဲ့က ရုန်ယိကိုကြည့်လာသည်။
"ရုန်ယိ...."

ရုန်ယိပြန်ဖြေလိုက်၏။

ယင်ကျင်းရဲ့က သူ့နှုတ်ခမ်းတွေကိုကွေးလိုက်ရင်း မေးလိုက်သည်။
"အခု မင်းဘယ်မှာနေလဲ ပြောပြနိုင်ပြီလား.."

"ယင်အိမ်တော်....ထုံကုလမ်း.."
ရုန်ယိ မျက်လုံးထောင့်တွေ တွန့်သွားရ၏။

ယင်ကျင်းရဲ့က ရုန်ယိရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုသတိပြုမိလိုက်တာကြောင့်  သူ သူတို့အတွက်ပြင်လာတဲ့လက်ဆောင်တွေပေးလိုက်ဖို့ ရှင်းဟယ်ကိုအချက်ပြလိုက်ပြီး သူတို့ကိုပြန်နားခိုင်းလိုက်သည်။

ရုန်ယိတစ်ယောက် ယင်ကျင်းရဲ့က ဒီခန္ဓာကိုယ်ရဲ့ လက်တွဲဖော်ဆိုတာ အတည်ပြုပြီးသွားကတည်းက စိုးရိမ်နေခြင်းမရှိတော့ပေ။ ယင်ကျင်းရဲ့ကနေတစ်ဆင့် ပြန်ရမဲ့နည်းလမ်းရှာဖို့ သူ့မှာအချိန်အများကြီးရှိသည်။ ဒါ့အပြင် ယင်ကျင်းရဲ့က စကားဆက်မပြောချင်တော့ဘူးဆိုတာ သူပြောနိုင်တာကြောင့် ရုန်စုနဲ့ ပြန်ထွက်လာလိုက်တော့သည်။

ရှင်းဟယ် ရုန်ဟွမ့်ဘေးသွားရပ်ပြီးပြောလိုက်သည်။
" သူကမင်းတို့ပြောတာနဲ့မတူဘူးနော်  မိန်းမလည်းမဆန်သလို  သတ္တိမရှိတဲ့ပုံလည်းမပေါ်ဘူး..."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Waar verhalen tot leven komen. Ontdek het nu