သူ မြင်ခဲ့ရသည့် အလွန် သေးသွယ်သည့် လက်ကောက်ဝတ်လေးကို သူ သတိရသွားသည်။ သူ စိတ်ဓာတ်ကျသွားသည်။

တင်ဆက်သူက ငယ်ငယ်လေးပဲ ရှိသေးတယ်။ အသက်ပြည့်ထားတာတောင် မကြာလောက်သေးဘူး။ ဒါကို ဒီလိုဆိုးရွားတဲ့ အခြေအနေတွေကို တစ်ယောက်ထဲ ရင်ဆိုင် ကျော်ဖြတ်နေရတယ်။ သူ့ဘဝ အနိမ့်အမြင့် အတက်အကျ အစုံဖြစ်ခဲ့တယ်။ သူ့ရင်ထဲ ဘယ်လောက်တောင် ခံစားနေခဲ့ရမလဲ

ဟုတ်ပြီ ငါ သူ့ကို ကူညီလို့ရတာပဲ

ထိုအတွေး ဟော်ယွင်ချန်း၏ စိတ်ထဲ နေရာယူလာသည့်အခါ သူ ထိတ်လန့်သွားလေသည်။ယွမ့်ထန်းသာ ရုပ်၇ှင်ပြန်ရိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုမျိုး မလုပ်နိုင်တော့လျှင်ပင် ယွမ့်ထန်း ပျော်လျှင်သူ ကျေနပ်သည်။

ထိုသို့တွေးပြီးနောက် အလင်းဦးနှောက်ကို ချက်ချင်းဖွင့်ကာ ဖျော်ဖြေရေး ကုမ္ပဏီတွေတွင် လုပ်ကိုင်နေသော ရာထူးမြင့် မိတ်ဆွေတွေကို ဆက်သွယ်လိုက်သည်။ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု၏ ဘုရင်မ၏ သားဖြစ်သူ ဖြစ်သည့်အလျောက် သူ၏ အဆက်အသွယ်က စစ်တပ်ဘက်တွင်သာ ရပ်မနေပေ။

ဟော်ယွင်ချန်း၏ အဆင့်အတန်းကြောင့် သူ ဖြစ်စေချင်သည့် ကိစ္စရှိလျှင် မည်သူကမှ မတားဝံ့ကြပေ။ သို့သော် ရက်အနည်းငယ်အတွင်းတွင် သူ့လက်ထဲသို့ အကောင်းဆုံးသော ဇာတ်ညွှန်းတွေ ရောက်လာလေသည်။ ဟော်ယွင်ချန်းက ယွမ့်ထန်းကို ထိခိုက်စေနိုင်သော တိုက်ခိုက်ရသည့် ဇာတ်ညွှန်းတွေနှင့် ခန္ဓာကိုယ်ကို ထိတွေ့၇သော ချစ်ကြိုက်ခန်းတွေ ပါသည့် ဇာတ်ညွှန်းတွေကို ဖယ်ထုတ်ပစ်သည်။ များပြားလှသည့် ဇာတ်ညွှန်းပုံထဲမှ သူ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဇာတ်ညွှန်းနှစ်ခုကို မနည်း ရှာလိုက်ရ၏။

ဒီဇာတ်ညွှန်းနှစ်ခုက အလွန်ကောင်းသည့်အထဲ ပါသည်။ ယွမ့်ထန်းသာ ပြန်လာချင်လျှင် မည်သည့် အကျပ်အတည်းကိုမှ ဆုံတွေ့ရလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ရုပ်ရှင် အင်ပါယာတစ်ယောက်က တတိယအဆင့် သို့ စတုတ္ထအဆင့်တွင် သရုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယွမ့်ထန်းနှင့် ကိုက်ညီမည့် အနုပညာလက်ရာမြောက်ပြီး အအေးချမ်းဆုံး ဇာတ်လမ်းတွေကို ရှာရမည်ပေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်On viuen les histories. Descobreix ara