"ပျော်လား!!! ဟမ် ပျော်ကြရဲ့လား!!!! အခု ငါ့မှာ ဘာမှမရှိတော့ဘူး အချစ်က ငါ့ကိုစွန့်ပစ်လိုက်ပြီ မင်းတို့ပျော်နေကြတယ်မလား အဲ့ဒါ မင်းတို့ကြောင့်!!! မင်းတို့ကြောင့် အချစ်ကငါ့ကိုစွန့်ပစ်တာ!!! ''

သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ကြီးဟစ်ကျယ်အော်ပြောနေသော သက္ကရာဇ်ကြောင့် ဥာဏ် အသက်အောင့်ထားမိသည် ။
သက္ကရာဇ်က ဒေါသကြီးတာသိပေမယ့် ဒီလောက် ဒေါသကြီးမယ်မှန်း ဥာဏ် တကယ်မထင်ထားခဲ့ဘူး ။

"ငါက အချစ်ကို သိပ်ချစ်တာကွ......အချစ်ကငါ့ကိုလိမ်နေတာမလားဟင် အချစ်ကငါ့ကိုထွက်သွားတဲ့ ဘယ်တော့မှ ပြန်မလာခဲ့နဲ့တဲ့လေ အချစ်က ငါ့ကိုစိတ်ဆိုးလို့ပြောလိုက်တာမလား တကယ်မဟုတ်ဘူးမလား...ဟင် ပြောပါဦး ''

ပုခုံးနှစ်ဖက်လှုပ်ကာ တသိမ့်သိမ့်ငိုကြွေးလာသော သက္ကရာဇ်ကြောင့် ဥာဏ် မျက်လုံးအဝိုင်းသားဖြစ်သွားရသည် ။

သက္ကရာဇ်က....ဟင့်အင်း မဟုတ်ဘူး သက္ကရာက ရယ်ခြင်းပြုံးခြင်းမရှိတဲ့ကောင်ငယ်လေးက အခုငိုနေတာတဲ့လား.....

"အချစ်ကို ငါ့ကို စိတ်မဆိုးဖို့ပြောပေးပါလား....အချစ်စွန့်ပစ်လိုက်ရင် ငါသေလိမ့်မယ် ငါ့ကိုအချစ်က ပျောက်ကွယ်သွားပေးတဲ့ အဟက် တည်တံ့မောင်ချစ်တဲ့သူက ငါမဟုတ်ဘူးတဲ့ ဒီခန္ဓာကိုယ်ပိုင်ရှင်ကြီး သက္ကရာတဲ့လေ ဘယ်လောက်တောင်ရယ်ရလိုက်သလဲ ''

"မင်းမှန်တယ် ငါကသာ ကပ်ပါးကောင်ပဲ အချစ်လို တန်ဖိုးရှိတဲ့လူက ငါ့လိုကပ်ပါးကောင်ကို ဘယ်လိုလုပ်ချစ်မှာလဲ သက္ကရာကိုပေးတဲ့အချစ်တွေကို ငါက ငါ့အတွက်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်ခဲ့သေးတာကွာ သိလား ''

ငိုလိုက်ရယ်လိုက်နဲ့ သွေးရူးသွေးတန်းဖြစ်နေသော သက္ကရာဇ်အား ဥာဏ် ကြောင်ပြီးတော့သာ ကြည့်နေမိသည် ။
သူတကယ်ဘာလုပ်ပေးရမှန်းမသိတော့......သူ့ဆုံးဖြတ်ချက်မမှားဘူးလို့ထင်တာပဲ

"အချစ်ကလေ ငါပြန်ပေါ်လာရင် သေပစ်မယ်တဲ့ ရက်စက်တယ်ကွာ တည်တံ့မောင်က သိပ်ရက်စက်တယ် သူ့အသားသူအနာခံပြီး ငါ့ကိုခြိမ်းခြောက်တယ် သူမသိဘူးလား ငါကသူနည်းနည်းလေးနာကျင်ရမယ်ဆိုရင်တောင် ကိုယ်စားသေပေးမယ့်သူမျိုးဆိုတာ ''

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now