"မေမေ ငယ်တို့ ကိုကို့ဆီဝင်ကြဦးမလား ''"ဝင်မနေပါနဲ့တော့သမီးရယ် သမီးအကိုလဲ ဒီအချိန်လူနာတွေကြည့်နေရလောက်မှာ အားမှာမဟုတ်ဘူး ''
"ဒါဆို ငယ်တို့အိမ်ကိုပဲပြန်ကြတာပေါ့ ''
ငယ်သွေးတို့အခု မေမေ့ သွေးတိုးရောဂါအတွက် ကိုကိုတို့ဆေးရုံမှာပဲ အထူးကုဆရာဝန်ကြီးတစ်ယောက်နှင့် လာပြခြင်းဖြစ်သည် ။
ကိုကိုက တစ်လနေမှ တစ်ခါသာ အိမ်ပြန်လာတတ်တာမို့ ကိုကိုရှိတဲ့နေရာရောက်တုန်းလေး မေမေတွေ့ချင်မလားဆိုပြီး ငယ်သွေးက ပြောပေမယ့် မေမေကတော့ သူ့သားကို အလုပ်မရှုပ်စေချင်၍ထင် မတွေ့ဘူးဟု ပြောနေသောကြောင့် ငယ်သွေးတို့လဲ အိမ်ကိုပြန်ရန်သာဆုံးဖြတ်လိုက်သည် ။"ငယ်သွေး! အန်တီဝါ! "
ငယ်သွေးတို့ဆေးရုံအပေါက်ဝသို့ရောက်ခါနီး၌ အနောက်က မိမိတို့နာမည်အားခေါ်သံကိုကြားသောကြောင့် လှည့်ကြည့်လိုက်တော့ ကိုကို့သူငယ်ချင်း မမဒီဒီကိုတွေ့ရ၍ ငယ်သွေးလဲ တအံ့တသြဖြစ်သွားရသည် ။
"ဟယ် မမဒီဒီ ဘယ်တုန်းက ပြန်ရောက်တာလဲ ''
ငယ်သွေးမေးတော့ မမဒီဒီက အပြုံးလှလှလေးဖြင့် ပြုံးပြ၍
"ပြန်ရောက်တာကမကြာသေးပါဘူး အခုရော ဘယ်ကိုလာကြတာလဲ တည်တံ့ဆီကိုလား ''
"မဟုတ်ဘူး မမရဲ့ မေမေလေ ဒီတလော သွေးပြန်တိုးလာလို့ ဆေးရုံတစ်ခေါက်ပြန်လာပြတာ ''
"ဟုတ်လား အန်တီဝါ ဂရုစိုက်ဦးနော် အခုပြရတာရောအဆင်ပြေရဲ့လား မပြေရင် သမီး အကောင်းဆုံးအထူးကုနဲ့ ချိတ်ပေးမယ် ''
"ပြေပါတယ် သမီးရယ် ငါ့သမီးလေးပြောတာနဲ့တင် အန်တီဝါ ရောဂါတစ်ဝက်သက်သာနေပါပြီ ''
မေမေ့အပြောကြောင့် မမဒီဒီရော ငယ်သွေးပါ ရယ်မိလိုက်ကြသည် ။
"ဒါနဲ့ ရောက်တုန်းလေး တည်တံံ့ကိုရော မတွေ့သွားတော့ဘူးလား ''
"မတွေ့တော့ဘူးမမ မေမေက သူ့သားအလုပ်ရှုပ်နေမှာစိုးလို့ မတွေ့တော့ဘူးတဲ့လေ ''
"ကဲ ဒါဆို အန်တီဝါတို့အချိန်ရသေးလား အချိန်ရရင် သမီးတို့ တစ်ခုခုသွားစားကြမယ်လေ သမီးလဲ အန်တီဝါတို့အိမ်ကို လာလည်မယ်ဆိုပြီး အလုပ်ရှုပ်နေတာနဲ့မလာဖြစ်တာ အခုတွေ့ရတော့ အတော်ဖြစ်သွားတာပဲ ''
YOU ARE READING
သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)
RomanceIf you fall in love with a person with different personalities or he shows you dark side or something.........? Start date - 14 September 2021 End date -17 October 2021