22.

872 63 0
                                    


"Hello ''

"Hello ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ ''

"ကိုတည်တံ့ ကျွန်တော် ဥာဏ်ပါ ''

"သြော် ဥာဏ်လား ဘာကိစ္စရှိလို့လဲ ''

"ဒီနေ့ အိမ်မှာ မုန့်လုပ်စားကြမလို့ဗျ ငယ်သွေးလဲရောက်နေတော့လေ အဲ့ဒါ ဒီနေ့ သက္ကရာ အကို့ဆီမလာနိုင်ဘူးဆိုတဲ့အကြောင်းလှမ်းပြောတာပါ ''

"သြော် အဲ့ဒါများဥာဏ်ရာ သက္ကရာဇ်ကိုဆက်ခိုင်းလဲရတာကို ဥာဏ်က တကူးတက လာခွင့်တောင်းနေသေးတယ် ''

တည်တံ့မောင်ဆီက သက္ကရာဇ်ဆိုတဲ့နာမည်ကြားရတော့ ဥာဏ့်မျက်နှာ၌ မချိပြုံးပင်ဖြစ်ပေါ်လာရသည် ။

"ဟုတ်ကဲ့ ငယ်သွေးပြန်ရင် အကို့အတွက် မုန့်ထည့်ပေးလိုက်မယ်ဗျ ''

"အာ.....မဟုတ်တာ ရပါတယ် အကိုက ငယ်သွေးတို့နဲ့အတူမနေတာကြာပြီ တစ်ယောက်ထဲသပ်သပ်နေ,နေတာ ဘာမှမထည့်ပေးလိုက်နဲ့ ''

"ဟုတ်ကဲ့ ဒါဆို phချလိုက်တော့မယ်နော်အကို ''

"ကောင်းပါပြီဗျာ ''

တစ်ဖက်မှတည်တံ့မောင်phချတာအရင်စောင့်ပြီး ဥာဏ်သက်ပြင်းခပ်ဖွဖွ ချလိုက်မိသည် ။
Phပြောပြီးနောက် ဘေးကိုကြည့်လိုက်တော့ ဘေးမှာထိုင်နေတဲ့ သက္ကရာက တလက်လက်တောက်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ဥာဏ့်ကို ကြည့်နေသောကြောင့် ဥာဏ်လဲပြုံးပြလိုက်သည် ။

"သက္ကရာ ဒီနေ့ အပြင်မသွားနဲ့တော့နော် မမငယ်သွေးရယ် သက္ကရာရယ် ကိုကိုရယ် ဒီနေ့ သက္ကရာကြိုက်တဲ့မုန့်တွေလုပ်စားကြမယ် ဟုတ်ပြီလား ''

သက္ကရာက အေးချမ်းသောမျက်နှာကလေးဖြင့် အသာတကြည် ခေါင်းညိတ်ပြလေသည် ။
သက္ကရာက ရယ်ခြင်း ၊ ပြုံးခြင်းလဲမရှိသလို ငိုခြင်းလဲမရှိပေ ။
ဘာခံစားချက်မှထုတ်ဖော်ပြသတာမျိုးမရှိပေမယ့် သက္ကရာရဲ့ အေးချမ်းနေတဲ့ မျက်နှာလေးကိုမြင်ရတာနဲ့တင် ဥာဏ် ကျေနပ်နေမိသည် ။

ထို့နောက် ဥာဏ်က သက္ကရာရဲ့ ခေါင်းလေးအား ခပ်ဖွဖွပုတ်ကာ

"ဒါဆို အခန်းထဲမှာ ခဏသွားနေနော် ကိုကိုတို့ မုန့်တွေလုပ်ပြီးရင် သက္ကရာကိုခေါ်လိုက်မယ် ဟုတ်ပြီလား ''

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now