🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!

Depuis le début
                                    

"ခင်ဗျားက ဘာ!ကျွန်တော့်ယောကျ်ား..ဟုတ်လား...ဘာပေါက်ကရစကားတွေလျှောက်ပြောနေတာလဲ..ခင်ဗျားနဲ့ကျွန်တော် လက်ထပ်ထားမိလို့လား"

နွေဦးပုံစံ ကဒဏ်ရာရနေတဲ့ ကြောင်လေးတစ်​ေကာင်လို ဖြစ်နေတယ်။ရန်လိုပြီး ရဲရင့်နေပေမယ့် နာကျင်နေတာကိုလဲ သူမြင်နေရတယ်။သေချာတာတော့သူ နွေဦးကို နာကျင်အောင်ထပ်လုပ်မိပြန်ပြီ။

ရုတ်တရက်မို့ မိုးပင်လယ်ကြောင်ပြီး ကြည့်နေမိတုန်း နွေဦး က သူ့ရှေ့ကိုထပ်တိုးဝင်လာပြီး အနွေးထည်အောက်ကတစ်စွန်းတစ်စထွက်နေတဲ့သူ့ရှပ်ကော်လံကိုဆွဲဆုတ်လိုက်တယ်။

"ဟမ်!ပြောလေ..မင်းနဲ့ငါလက်ထပ်ထားမိလား..."

"နွေဦး..."

"လက်လဲလက်ထပ်မထားဘူးကွာ..ဘာကတိကဝတ်မှလဲ မတည်တံ့ခဲ့ဘူးပဲနဲ့ ဘယ်လိုလုပ် မင်းက ငါ့ယောက်ျားဖြစ်လာတာလဲ..ဘာလဲ ငါတို့အတူတူအိပ်ဖူးတာနဲ့ မင်းကငါ့ထဲတစ်ခါလေးရောက်ဖူးလိုက်တာနဲ့ ဆုံးဖြတ်လိုက်တာလား...ဟုတ်လား..ဟန့်!အဲ့လိုသာဆို ငါ့ယောက်ျားဆိုတာတွေက အများကြီးဖြစ်နေတော့မှာပဲ"

"နွေဦးဧရာ!"
မိုးပင်လယ် မလိုလားစွာဟန့်တားလိုက်တယ်။နွေဦး သူ့ကိုရွဲ့နေတယ်ဆိုပေမယ့် အမှန်မဟုတ်ဘူးဆိုပေမယ့် သူအဲ့လိုတွေကြားရတာမကြိုက်ဘူး။အပြောလေးနဲ့တောင် သူသဝန်တိုပြီး စိတ်ညစ်ရတယ်။

"ဘာလဲ!မိုးပင်လယ်ပြာ...မင်းငါ့ကို တွေ့တဲ့လူနဲ့ စွပ်စွဲချင်တိုင်းစွပ်စွဲပြီး ငါက ကိုယ်တိုင်ဝန်ခံတော့ မင်းနာကျင်သွားလား...အဟား!အေးလေ..မင်းကတော့ကိုယ့်ကိုကိုယ် တစ်ဦးထဲသောလူလို့ထင်နေခဲ့တာမလား...ရယ်ရတယ်!"

နွေဦးကပြောရင်း ဟက်ဟက်ပက်ပက်ကြီးရယ်ချလိုက်ပြန်တယ်။မိုးပင်လယ် တကယ်ကြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။သူလိုချင်တာ ဒီလို အခြေအနေတွေမဟုတ်ဘူး။သူမဲဘာန်းကနေ ခဏလောက် ထွက်သွားရမှာမို့ အလွမ်းပြေအောင်နွေဦးရဲ့မျက်နှာလေးကို သေသေချာချာလေး ကြည့်သွားချင်ရုံပဲ။ခုတော့ အခြေအနေတွေက ထမင်းစားပွဲကို ပက်လက်ဆွဲလှန်ချလိုက်သလို ရှုပ်ထွေး ပေပွကုန်ပြီ။

?Daffodils[Complete]Où les histoires vivent. Découvrez maintenant