"သစ်တို့က ဘာတဲ့လဲ မောင် "

"သူတို့ရဲ့ ညစာစားပွဲကို လာစေခြင်တာပါ
ကိုကို
ကိုကိုသိမှာဘဲ မောင်တို့က
အမှောင်ဘက်မှာလည်း လုပ်ငန်းတွေရှိတာ
အဲ့အတွက် သစ်က
မောင်တို့ဆီက ခွဲထွက်ပြီး
ဟိုဘက်ကို ကူးမှာ "

မောင့်ရဲ့ စကားကို
စဆုံး သေချာနားထောင်ကာ
လွန်းခေါင်းငြိမ့်လိုက်သည်။

"မောင် သွားမယ်မလား"

"အွန်း မောင် သွားခြင်တယ်
ကိုကို အဲ့တာ..... "

ခွင့်တောင်းသလိုလေး ကြည့်လာတယ့်
မောင်ကြောင့်
လွန်းသုထက် ခေါင်းငြမ့်ပြလိုက်သည်။

"မောင် သွားခြင်ရင် သွားခွင့်ရှိတယ်
ဒါပေမယ့် ကိုယ်လိုက်ခဲ့မယ် "

"ဟုတ် ကိိုကို မောင်လည်းစတည်းက
ကိုကို့ကို ခေါ်ခြင်နေတာ သစ်ကတောင် ခေါ်ဖို့ ဖတ်ထားသေးတယ် "

"တော်တော်ပျော်နေတယ်ပေါ့ "

"ဟီး ပျော်တယ် အဲ့ပွဲကျရင် သူတို့နဲ့အပြိုင်ကို
မောင့်ချစ်ရသူ နှလုံးသားလေး
ကိုကို့ကို ထုတ်ကြွားပစ်မှာ "

"ဟားဟား မောင်ကတော့လေ
အကြွားသန်တယ့် ကလေးလေးလုပ်မယ်ပေါ့ "

"ဟုတ်တယ် အကြွားသန်တယ့်ကလေးလေး
ကိုကို့အပိုင် ကလေးလေးလုပ်မှာ "

"အဆိုးလေးချွဲနေလိုက်တာ
လာ ကလေးတွေသွားကြိုရအောင် "

လွန်း မောင့်ရဲ့လက်ကလေးကို
စုပ်ကိုင်ကာ အိမ်တံခါးပိတ်ရင်း
လမ်းလျှောက်ထွက်လာကြသည်။
ဒီနဲ့ ကားမယူဖြစ်
ကလေးလေးတွေနဲ့ တီတီတာတာပြောကာ
family dateကို ပေါ့ပေါ့ပါးပါးလေးလုပ်ရန်
စီစဥ်ထားလို့ပင်။

ကားတွေသွားလာနေတယ့်
လမ်းမကြီးဘေးက
ဘေးနေရာတစ်လျှောက် 
ကုတ်အင်္ကျီဆင်တူ လက်စွပ်ဆင်တူနဲ့
ကောင်လေး နှစ်ဦးသည်။
တစ်ယောက်လက် တစ်ယောက်ဆွဲကိုင်ကာ
ပျော်ရွှင်စွာနဲ့
သူတို့ရဲ့ သွေးသားလေးများ ရှိရာဆီသို့

မြင်ကွင်းလေးက ကြည်နူးစရာ
ပျော်ရွှင်စရာ​ကောင်းသော်လည်း
မနာလိုသူ အဖို့တော့
လက်သည်းတွေပင် လက်ဖဝါးထဲ
စိုက်ဝင်သည်အထိ
စိတ်ပျက်စရာကောင်းနေသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now