"မောင်ကားမောင်းမယ်မလား"

"အင်းလေ"

စီယာတိုင်ကိုကိုင်ထားတဲ့Jeonရဲ့လက်ကိုအကြည့်တွေကရောက်သွားရင်း အကျီလက်ရှည်ဖြစ်တာကြောင့် လက်ကောက်ဝတ်နားမှာ တပ်ထားတဲ့ ရွှေရောင်ကြယ်သီးလေးစိန်ပွင့်လေးနဲ့ကိုမြင်လိုက်တော့

"မောင် အဲ့ကြယ်သီးလေးက မောင့်ဘာသာဝယ်ထားတာလား "

"မဟုတ်ဘူး ပါပါးမဆုံးခင်ကပေးသွားတာလေ ဒါမောင်တို့မိသားစုရဲ့ရိုးရာလိုမျိုးပေါ့ ဒီကြယ်သီးလေးကမောင်ဘိုးဘိုးက ဖေဖေ့ကိုပေးခဲ့တာတဲ့ ကြယ်သီးအနောက်မှာJဆိုတဲ့စာလုံးလေးလည်းထွင်းထားသေးတယ်"

"ဟုတ်လား"

"အွန်း မောင့်အလှည့်ကျရင်လည်း မောင့်ရဲ့သားလေးကိုမောင်ကပေးမှာ"

"ဟင် သားလေးတဲ့ ဘယ်သူကမွေးပေးမှာမို့လို့လဲ"

"ဟောဒီကမောင့်ရဲ့ချစ်ဆုံးလေးပေါ့ ဘယ်သူရှိရမှာလဲ"

"မမွေးပါဘူးနော် "

ကားမောင်းနေတဲ့Jeonပျင်းမှာစိုးလို့ဘေးကနေစကားတွေပြောပေးရင်း နောက်ဆုံး 6နာရီလောက်မောင်းပြီးတော့Taeတို့မိဘတွေနေတဲ့ နယ်မြို့လေးကိုရောက်လာခဲ့တယ်

"ရောက်ပြီ"

"ချစ်ဆုံးမိဘတွေကဒီလိုနယ်မှာနေခဲ့တာလား မောင်မသိခဲ့ဘူး"

"အင်း ထယ်တို့အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရတယ်လေ အခုလိုနေနိုင်တာလေးကဘဲတော်ပါသေးတယ်"

မျက်နှာလေးညှိူးသွားတဲ့အချစ်ရဆုံးကိုဖက်ထားလိုက်ရင်း

"ဘာမှမပူနဲ့ ချစ်ဆုံးမိဘကလည်း ကိုယ့်မိဘတွေဘဲလေကိုယ်ကအကောင်းဆုံးထားပေးမှာ ဟုတ်ပြီလား "

"အင်းပါ မောင်ရဲ့"
ကားပေါ်ကအထုပ်အပိုးတွေကိုချရင်း အိမ်တံခါးကိုခေါက်လိုက်တော့

"ဘယ်သူလဲ"
အိမ်ထဲကနေထွက်ပေါ်လာတဲ့မေမေ့ရဲ့အသံ
တံခါးကိုဖွင့်ပေးလိုက်တော့ Tae Hyungကိုမြင်ကာ
မျက်ရည်တွေနဲ့လာဖက်လေရဲ့

"aigoo ငါ့သားလေး အရမ်းလွမ်းနေတာ ကျောင်း
တစ်နှစ်ပြီးသွားပြန်ပြီပေါ့"

Sugar Baby[Completed]Donde viven las historias. Descúbrelo ahora