အခန်း(၄) ဘယ်သူက သားကောင်လဲ။

Start from the beginning
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.





















ဒီရေသူထီးက နက်ရှိုင်းတဲ့ပင်လယ်ပြင်အောက်မှာနေတုန်းက ကြောက်စရာမုဆိုးတစ်ကောင်ဖြစ်ခဲ့ဟန်တူသည်။ အခု ကုန်းမြေပေါ်ရောက်နေတာတောင် ... သူ ... သူက အရင်လို သားသတ်သမားဖြစ်နေတုန်းပဲ။

သူ့ကိုယဉ်ပါးအောင် ကျွန်တော်ဘယ်လိုလုပ်သင့်သလဲမပြောခင် ကျွန်တော့်ကိုယ် ကျွန်တော် ကယ်တင်ခဲ့တာကို အရင်ဆုံး ပြောရမည်။

ရေသူထီးက ခေါင်းကိုငုံ့ထားပေမယ့် သူ့မျက်ခွံ့တွေက အပေါ်ပင့်တက်နေပြီး ပြင်းပြတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေကာ ကျွန်တော်နဲ့ မျက်လုံးချင်းဆုံဖို့ ကြိုးစားနေသည်။ ကျွန်တော့်မျက်ခုံးတွေကတော့ အံ့ဩခြင်းအဖြာဖြာကို ဖော်ပြဖို့ အပေါ်သို့ ပင့်တက်နေခဲ့သည်။ သူ့ရဲ့မျက်နှာမှာတော့ မကောင်းတာတစ်ခုခု ဖြစ်တော့မည့် အရိပ်အယောင်တို့ ပြည့်လို့။

မစ္စတာ ရှီနိချီ သတိပေးပြောပြခဲ့တဲ့ ညဉ့်နတ်ဆိုးတွေရဲ့ ပင်ကိုယ်ထူးခြားစွမ်းရည်နဲ့ပတ်သတ်ပြီး ထိုအကြောင်းအရာက မှန်သလား မှားသလား ဆိုတာ ကျွန်တော်မသိပေ။ သို့ပေမယ့် နိုင်ချေမရှိတဲ့ ပြဿနာအခက်အခဲကြားထဲ ကျွန်တော်ရောက်နေတာကိုတော့ ခံစားမိခဲ့သည်။ နည်းနည်းလေးတောင် လှုပ်လို့ပင် မရတဲ့ အခြေအနေကြီးလေ။

ဟိုတစ်စု ဒီတစ်စုဖြင့် ပြန့်ကျဲကျနေသော ဆံပင်တွေကို ကျော်လွန်ပြီး အကူအညီမဲ့စွာပင် ကျွန်တော်ငေးစိုက်ကြည့်နေမိသည်။ ချွန်မြထက်ရှလှသော ငါးမန်းတစ်ကောင်၏အပြုံးနှင့်တူသည့် ထိုရေသူထီး၏ နှုတ်ခမ်းပါးတွေက အနည်းငယ်ကွေးညွတ်နေကာ နီရဲနေသည့် လျှာထိပ်ဖျားလေးထွက်ပေါ်လာဖို့ပင် ခွင့်ပြုပေးထားသည်။
သူပိုင်ဆိုင်တဲ့ သားကောင်ကိုကျီစယ်နေသည့်အလား ခေါင်းကိုငုံ့ကာ တွန့်ကျေနေတဲ့ ကျွန်တော့်ရှပ်အင်္ကျီအောက်ခြေဖျားအား လျှာဖြင့်တို့ထိလိုက်သည်။ ထိုလျှာဖျားက ကျွန်တော့်ပေါင်ခြံနေရာကိုပင် စတင်လျက် လျက်ရှိနေပြီ။ ဂရုတစိုက်နှင့် သက်သက်မဲ့ တို့ထိလျက်နေကာ စိုစွတ်မှုနှင့် ထိုလျှာဖျားမှလာသည့် အေးမြမှုက စပါးအုံးမြွေတစ်ကောင်လို ကျွန်တော့်ရိုးတွင်းခြင်ဆီထဲသို့ ရစ်ခွေထိုးဖောက်ဝင်လာခဲ့သည်။
ထိုအခြေအနေက ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးကို သိမ့်ကနဲနေအောင်တုန်တက်သွားစေပြီး ကြောက်စိတ်တွေသည်လည်း တစ်စက္ကန့်ထက်ပင် ပိုလျင်မြန်သောအရှိန်ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။

Desharow's MermanWhere stories live. Discover now