ရေခဲပြင်လိုနှလုံးသား

Start from the beginning
                                    

"ရှားလော့ ဟုမ်း မင်းဘယ်မှာလဲ "

"ငါတို့ရဲ့စုံထောက်ကြီးသာအဲ့ဒီနေ့ကမရှိရင် ရာဇဝတ်အရှင် ကြောင့် တစ်မြို့​လုံးအကြောက်တရားနဲ့ အသက်ရှင်နေရမှာပဲကွ"

သူလှည်းပေါ်ကနေ တစ်ချက်ကြည့်လိုက်တော့ အသက်လေးဆယ်ကျော်ခန့်ရှိတဲ့ယောကျာ်းတစ်ဦးနဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတာ်

"ဟုတ်ပါ့ရှင် ကျွန်မတို့ရဲ့စုံထောက်သာ အသက်မပေးခဲ့ရင် အနာဂတ်ကမတွေးဝံ့စရာပါပဲ"

သူလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာအံကြိတ်မိရပြန်တယ်

မဖြစ်ဘူး..
"မိုက်ခရော့ဟုမ်းဆိုတဲ့လူက ရေခဲပြင်လိုပဲ
တည်ငြိမ်နေရမယ် အေးစက်နေရမယ်
ဒီလောက်လေးနဲ့ပြိုလဲသွားလို့မဖြစ်ချေဘူး "

လန်ဒန်မြို့ကတစ်နေရာရာဆီဦးတည်နေတဲ့ မြင်းလှည်းလေးကတော့ ပုံမှန်အတိုင်း
သွားနေလျက်။

ဟူး~

"ပင်ပန်းသွားပြီပေါ့ ဆာဟုမ်းစ်"

မိုက်ခရော့ဟုမ်းတစ်ယောက်ဟာ အပန်းဖြေအိမ်ဟုရောက်တဲ့အခါ သူမဟုတ်တဲ့အတိုင်းသက်ပြင်းရှည်ကြီးချလိုက်တယ်
ပြီးတော့ သူ့လက်ထဲက ဦးထုပ်ကို သူ့ရှေ့က
အမျိုးသမီးလက်ထဲအပ်လိုက်တယ်
ဒီနှစ်တွေအတွင်းမှာ ဘယ်သူမှမသိနိုင်တဲ့ သူ့အကြောင်းတွေကိုတိုင်ပင်လို့ရတဲ့ထိယုံကြည်ရတဲ့အမျိုးသမီးပေမို့ အခု သူတစ်ယောက်ထဲသာသိနိုငိတဲ့ အပန်းဖြေ အိမ်ထိ ခေါ်လာခြင်းပင်။

အဲ့ဒီအမျိုးသမီး ကားအခြားသူမဟုတ်
ညီငယ်ရှားလော့ဟုမ်းရဲ့ အိမ်ရှင် ဟဒ်ဆွန်ပင်ဖြစ်လေ၏။

"မစ် ဟဒ်ဆွန် ကျုပ်အခန်းထဲမှာ ခဏအနားယူဦးမယ်"

"ဆာဟုမ်း ဒီနေ့ထင်တာထက်ကိုပင်ပန်းနေပုံပဲ"

ဟဒ်ဆွန်က မိုက်ခရော့ဟုမ်း ရဲ့ ကုတ်ကို ကူပြီးချွတ်ပေးနေရင်းမေးခွန်းထုတ်လိုက်တယ်
တစ်ချိန် ထဲမှာပဲ
နွေးထွေးတက်ကြွတဲ့
သူမရဲ့အပြုံးတွေက ယခင်လိုအသက်မဝင်တော့တာပဲဟု မိုက်ခရော့ စိတ်ထဲမှတ်ချက်ချမိတယ်။

"မစ်စ် ဟဒ်ဆွန် နောက်တစ်နာရီလောက်ဆို
ကျုပ်အခန်းထဲ လက်ဖက်ရည်လေးလာပို့ပေး"

ရာဇဝတ်အရှင်Where stories live. Discover now