ဂျွန်ဂျောင်ဂု တို့ လက်သီးလက်မောင်းတန်းပြီးအော်ပစ်ချင်
သွားသည် အဲ့အကောင်က ဖွန်ကြောင်တာတောင်
တစ်ယောက်တည်း မသွားပဲလူကိုစောင်ဒုက္ခကပေးသေးတာ ပြီးရင်လည်း ဟိုကဖြင့်ကုမ္ပဏီရောက်ရင်အပြင်က
ထွက်တော့တာမဟုတ် အဲ့ဒါကိုကားပေါ်ကနေထိုင်စောင့်
ပြီး Building ကြီးကိုငေးနေတာ ကင်ဆော့ဂျင် နဲ့လိုက်
ပေးပြီးတဲ့ ဒီတစ်လလုံးဂျောင်ဂုတို့ ဖင်ဂျွတ်တက်နေပြီ
တနေ့တနေ့ကားထဲထိုင်နေရလွန်းလို့! ကိုယ့်ကိုတောင်
ဘယ်သူမှန်းမေ့ချင်နေပြီ ရန်လည်းမဖြစ်ရစော်နဲ့လည်းမဒိတ်ရ တနေ့တနေ့King Groupရှေ့ကားထိုးပြီးထိုင်နေ
ရတာ မသိရင်အပေါက်စောင့်ကြနေရော!

နှစ်ယောက်သား Cafeဆိုင်ရဲ့ အောက်ထပ်မှာထိုင်ပြီး
ဂိမ်းသာထိုင်ဆော့နေလိုက်သည် ကျန်တဲ့လူတေက
ပြိုင်ကွင်းရောက်တဲ့လူနဲ့ ရည်းစားနဲ့လျှောက်လည်တဲ့လူနဲ့

ဂိမ်းဆော့နေတဲ့ဂျောင်ဂုရဲ့ငြိမ်းချမ်းနေတဲ့ဘဝလေးက
ကြာကြာမခံလိုက်ရ အကြောင်းကတော့ ဆိုင်ထဲဝင်ချလာ
တဲ့ မစ္စတာကင်နမ်ဂျွန်းကြောင့်ပင်!

ဒါကို မျက်စိလျှင်တဲ့ကင်ဆော့ဂျင်ကလည့်းမြင်တယ်!
ဆော့ဂျင် ဂိမ်းငုံ့ဆော့နေရာကနေ မျက်စိထောင့်ကမြင်လိုက်
ရတဲ့အရိပ်လေးကြောင့်ခေါင်းထောင်ကြည့်လိုက်တော့
သူ့ရဲ့အချစ်တုံးကြီး!
ဒီနေ့လည်း လူကြီးကအနက်ရောင်အနောက်တိုင်းဝတ်စုံ
နဲ့မိမိုက်နေချက်ကြီးက

အချစ်ရှိရာကို ဆော့ဂျင်မသွားပေမဲ့
ဆော့ဂျင်ရှိရာကို ရောက်လာတဲ့အချစ်ကြောင့်
သေချာတယ် ဒါကခင်များနဲ့ကျွန်တော်ဖူးစာပါတယ်ဆိုတာ!

ကင်ဆော့ဂျင် ရဲမျက်လုံးကြီး ဟာကင်နမ်ဂျွန်းရဲ့ကျောနောက်ကပ်ပါသွားပါတယ် စိတ်မကောင်းစရာက
သူ့လူကြီးက အပေါ်ထပ်ကိုတက်သွားတာပဲ!
ငုံးပဲ....ဒီလိုမှန်းသိ အပေါ်ထပ်မှာထိုင်ပါတယ်!

" ဦး ဒီကိုဘာလာလုပ်လဲမသိ "

" လာဆော့တာတဲ့! "

ကော်ဖီဆိုင်လာပါတယ်ဆိုမှ
ဘာလုပ်စရာရှိလို့တုန်း ကော်ဖီသောက်ရင်သောက်
မဟုတ်ရင်ချိန်းထားတာရှိလို့ပဲပေါ့

Dear Uncle Joon Onde histórias criam vida. Descubra agora