တိုက်ဆိုင်မှုတွေကြား (၁)

17 0 0
                                        

အခန်း (၁)

" oppa ..."

ခေါ်သံသေးသေးလေးတစ်ခုကြောင့်San စားလက်စတော့ပုကီကို ပါးစောင်ထဲထည့်ကာ ဝါးရင်းလှည့်ကြည့်လိုက်တယ်

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

ခေါ်သံသေးသေးလေးတစ်ခုကြောင့်
San စားလက်စတော့ပုကီကို
ပါးစောင်ထဲထည့်ကာ ဝါးရင်း
လှည့်ကြည့်လိုက်တယ်

သူ့ကို ပြုံးကာ
လက်ပြနှုတ်ဆက်နေတဲ့
ကောင်မလေးတစ်ယောက်ကို
လှမ်းကြည့်ပြီး
​စားပွဲပေါ်ရှိ တစ်ရှုးတစ်ရွက်ဖြင့်
ပါးစပ်ကို ပွတ်လိုက်ရင်း
ထိုကောင်မလေးဆီ ခပ်ဖြည်းဖြည်း
လျှောက်သွားလိုက်ပါတယ်

" ထွက်လာတာ စောလှချည်လား .. ဘယ်လိုလဲ ငါတို့yoonbin လေး မဖြေနိုင်လောက်အောင်
မေးခွန်းတွေက ခတ်နေပြန်ပြီလား "

San ရဲ့ ခနဲ့စကားကို စိတ်ဆိုးကာ
yoon bin နှုတ်ခမ်းကို
ဆူပုပ်ထားလိုက်တယ်

" စာမေးပွဲလည်း ဖြေနိုင်တယ် ဘာမှ စိတ်တိုအောင် လာမပြောနေနဲ့ နောက်ဆို seoul တက္ကသိုလ် တတ်ရမှ oppa လာပြီး မျက်နှာကြီးဖြီးမပြနဲ့နော်
ဒီက တကယ် ထားခဲ့မှာ "

San က စိတ်ဆိုးသွားတဲ့ yoon bin ရဲ့ ဆံပင်လေးကို ဖွလိုက်သဖြင့် ဆံပင်ပုံစံပျက်မည်ကို
စိတ်ဆိုးတတ်တဲ့ကောင်မလေးတစ်ယောက်
စိတ်တွေတိုကာ san လက်မောင်းကို
လိုက်ရိုက်တော့တာပါပဲ

san က ပြေးရင်း လွှားရင်းကပင်
yoon bin စိတ်ဆိုးမယ့်စကားလုံးများဖြင့်
စနောက်နေသေးတယ်

တစ်ယောက်နဲ့တစ်ယောက် စနောက်ကြရင်း
ဖြတ်သန်းလာကြတာ
၁၃ နှစ်တာ ခင်မင်မှုဟာ
အဖြူရောင်ရေးရေးမှိန်လာမှန်း
သတိမထားမိလောက်အောင်ပါ

သူတို့နေထိုင်ရာ မြို့လေးက
seoul နဲ့ အတော်ပင်ဝေးကွာလွန်းတာပါ
လှိုင်းတွေရဲ့ ရိုက်ပုတ်သံတွေကြောင့်၊
ကြည်လင်လှတဲ့ကောင်းကင်ကြီးကို
ရင်သပ်ရှုမော ငေးမောမိလောက်မယ့်
မြင်ကွင်းတွေကြောင့် ဒီမြို့လေးက
လည်ပတ်သွားလာသူတို့ ဆုံဆည်းရာအရပ်ဒေသလေးပါ

He or SheTempat cerita menjadi hidup. Temukan sekarang