ဒီလိုမျိုး ပြစ်မျိုးမထင်တဲ့ လူသားတယောက်
ဖြစ်အောင် ဖန်ဆင်းလိုက်လို့လေ...

ထိုအချိန် အသံတသံ..

'' မင်.. ဝင်လာလေ.. ''

သူလှဲနေတယ့် နေရာဆီသွားရင်း

'' ရော့.. ဒါက လဲဝတ်ဖို့အဝတ်.. ဒါက ဆန်ပြုတ်..''

''မင်... ''

'' ရော့..စားလိုက်...စားပြီးရင် ငါ့ကိုပြော.... ''

'' မင်.. ကိုယ်ပြောတာနားထောင် ပါအုန်း.. ''

*************

'' ဘာတွေ နားထောင်ရအုန်းမှာလည်း..
ကင်ထယ်ယောင်း.. မင်းရဲ့အလိမ်အညာတွေကိုလား.. အဲ့တာဆိုရင်တော့ တောင်းပန်ပါတယ်..
ငါနားမထောင်နိုင်တော့ဖူး...''

ပြောရင်းပြောရင်းနဲ့ တုန်လာတယ့်အသံတွေ..
ပေါင်ကို လက်နဲ့လိမ်ဆွဲရင်း စိတ်ကိုအတက်နိုင်
ဆုံး ထိန်းပြီးပြောနေမိတယ်..

'' မင်.. အဲ့နေ့ကလေ.. ကိုယ် မင်းကို လက်ထပ်ခွင့်
တောင်းဖို့ ခေါ်လိုက်တာပါ...

'' ဟင်... ''

'' အဲ့နေ့က... ''
ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို
ရှင်းပြလိုက်တော့ မျက်ရည်တွေဝဲ လာမိတယ်..

'' အဲ့တာဆိုရင် ကိုယ်က ထယ့်ကို အထင်လွဲ
မိတာပေါ့.. ''

'' အင်းပေါ့.. ''

***************

'' ဟင်.. မင် ဘာလို့ ငိုနေတာလည်း.''

'' ကိုယ်... ကိုယ်တောင်းပန်ပါတယ်ကွာ... မင်းရှင်းပြတာကို နားမထောင်ခဲ့လို့... ''

'' မင်ရာ.. မငိုပါနဲ့.. မင့်နေရာမှာလည်း ကိုယ်ဒီလိုပဲ ဖြစ်မှာပါ... တိတ်တော့နော်... မင် ငိုနေတော့
ကိုယ်လည်း နာကျင်ရတယ်.... ''

'' အဲ့တာဆိုရင် မငိုတော့ဖူးနော်... ''

'' အင်း..''

ငိုနေတယ့် လူသားလေးရဲ့ မျက်လုံးလေးတွေကို
အသာအယာလေး နမ်းလိုက်မိတယ်...

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now