ဘယ်ဘက် လက်သကြွယ်မှာလည်း ကျနော်က သူ့ကို ပိုင်တယ် ဆိုတယ့် လက်စွပ်လေးကို စွပ်ပေးချင် မိတယ်..

***************

'' ထယ် ဘာတွေတွေးနေတာလည်း.. ''

'' ဒီလိုပါပဲ.. မင်က ဘာလို့ ဒီလောက်တောင်မှ
လာဗင်ဒါပန်းတွေကို သဘောကျရတာလည်း
သိချင်လို့... ''

'' အော်.. Lengend တွေ အရဆိုရင် အာဒံနဲ့ဧဝ
က ဧဒင်ဥယျာဉ်ထဲက နှင်ထုတ်ခံလိုက်ရတုန်းက
lavender ပန်းတွေကို တူတူယူဆောင်သွားတယ်တဲ့.. မကောင်းဆိုးဝါးရန်ကနေ ကာကွယ်ဖို့အနေနဲ့တဲ့.. ''

'' အော်..ဒါပေမဲ့ မင် ကြိုက်တာနဲ့ ဘာဆိုင်လို့လည်း.. ''

'' ကိုယ်လည်း ကိုယ်ချစ်တယ့်လူတွေကို ကာကွယ်ဖို့ အတွက် လာဗင်ဒါပန်းလေး ဖြစ်ချင်တယ်လေ.. အဲ့တာကြောင့် ဒီပန်းတွေကို အရမ်းသဘောကျတာ.. ''

***********
'' ထယ်..တခုကြားဖူးတာ ရှိတယ်... လာဗင်ဒါပန်း
တွေရဲ့ အဓိပ္ပာယ်က စွဲလန်းခြင်းဆို.. ''

'' အင်းလေ.. ''

'' အဲ့တာဆိုရင် မင်က ကိုယ်ရဲ့ စွဲလမ်းခြင်းပဲ..''

'' ဟ..ထယ်ကတော့ကွာ... ''

'' ဟိုချစ်သူနှစ်ကောင်... တစ်တီတူးမနေနဲ့.. အိမ်ထဲဝင်တော့ ထမင်းစားကျမယ်... ''

'' ဟုတ်ကဲ့..လာပြီအဖေ... ''

**********
မနက်ဖန် ကျနော် မင့်ကို လက်ထပ်ခွင့်တောင်းဖို့
လုပ်ထားတယ်...

အရမ်း စိတ်လှုပ်ရှားနေတယ်.. သူကျနော့်ကို ငြင်းလိုက်ရင် ဘယ်လိုလုပ်မလည်းဆိုပြီး...
ဒီနေ့ညတော့ ကင်ထယ်ယောင်းတယောက်
ကောင်းကောင်း အိပ်မပျော်နိုင်တော့ဖူးထင်တယ်....

the next day....

'' မင်... ညနေကျရင် ပန်းခင်းထဲကို လာခဲ့.. ကိုယ်မင်းကို ပြစရာရှိတယ်..

'' ဘာပြမလို့လည်း.. ''

'' ဟာ.. မင်ကလည်း လာခဲ့ပါဆို... '''

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now