ထို့နောက် သူ ေ၇ှာ့ပင်းဆိုက်ထဲ ၀င်လိုက်ပြီး မီးဖိုချောင်သုံး ပစ္စည်းတို့ရှိရာ စာမျက်နှာသို့ သွားကြည့်လိုက်သည်။ သေချာစွာပင် ထမင်းပေါင်းအိုးကို ၀ယ်ယူနိုင်နေလေပြီ။သို့ဆိုလျှင် သူ တိုက်ရိုက်ထုတ်လွှင့်မှုတွင် တရား၀င် အသုံးပြုနိုင်လေပြီး သူနှင့် အကယ်ဒမီ၏ ပူးပေါင်းမှုက ပေါ်သွားတော့မည် မဟုတ်ပေ။

မနေ့ညက အသားများများစားခဲ့သဖြင့် သည်နေ့ ပေါ့ပေါးပါးပါးသာ စားရန် ဆုံးဖြတ်ထားသည်။ သူ ဘာစားရမည်ကို စိတ်ထဲတွင် ဆုံးဖြတ်ပြီးလေပြီ။ သူက ေ၇ှာ့ပင်းဆိုက်ထဲရှိ ရှည်ပြီး တုတ်သော ခရမ်းသီးတို့ကို ကြည့်လိုက်သည်။ ခရမ်းသီးအား နည်းလမ်းသုံးမျိုးဖြင့် ချက်စားရန် တွေးလိုက်သည်။

လက်၇ှိတွင် အပြင်ဘက်၇ှိ အပူချိန်က မြင့်နေပြီဖြစ်သည်။ ဘိုရွန် ဓာတ်ငွေ့ လူသားတို့က အပူချိန်ကို အထိမခံ ဖြစ်မဖြစ် သူ မသိပေ။ သို့သော် ခရမ်းသီးကမူ နူးညံ့ကာ မွှေးပျံ့ပြီး နှလုံးသွေးကြောနှင့် ပက်သတ်သော ရောဂါတွေအတွက် ကောင်းမွန်သဖြင့်   ထပ်တွေးမနေတော့ဘဲ ကြီးမားသော ခရမ်းသီး ခုနှစ်လုံးရှစ်လုံးအပြင် ၀က်သားနှင့် ငရုတ်သီးတို့ ၀ယ်လိုက်သည်။

ပစ္စည်းတို့ လာပို့သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုက စသည်။

“ ဟယ်လို အားလုံးပဲ ကိုယ်က မင်းတို့ရဲ့ ယွမ့်ထန်းပါ။ ဒီနေ့ ကိုယ်က ခရမ်းသီးကို နည်းလမ်းသုံးမျိုးနဲ့ ချက်ပြမှာပါ”

[ မြောင်မြောင်က အသားစားရတာ ကြိုက်တယ် :  ပထမဆုံး မှတ်ချက်ကွ ဟေး။  ငါ နိုတီတွေ့တာနဲ့ ချက်ချင်း ပြေးလာခဲ့တာ။ တင်ဆက်သူရေ ချစ်တယ်နော်]

[သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး : တင်ဆက်သူ ဘာချက်မှာမှန်း ငါ မသိပေမယ့် အံ့သြစရာကြီးဖြစ်နေဦးမှာ သေချာတယ်]

[ လျှိုယဲ့ပိုင် : ငါ ခရမ်းသီး စားဖူးတယ်။ ဒါ နှင်းဆီ စားသောက်ဆိုင်ရဲ့ ပြရုဒ်လေ။ ဒါပေမယ့် သုံးမျိုးတောင် ချက်လို့ရတာ တကယ်လား]

“ ကိုယ် ဆိုလိုတာက ခရမ်းသီးကို အဓိကပစ္စည်းအဖြစ် သုံးပြီး မတူကွဲပြားတဲ့ ဟင်း သုံးမျိုးချက်ပြမှာကိုပြောတာပါ။ ပထမတစ်ခုက ယွီရှန်း ခရမ်းသီးပါ။ ဒါက ချိုချဉ်အရသာပေါ့။ နောက်တစ်မျိုးက အငံဓာတ်ကဲပြီး အရသာ၇ှိတဲ့ ခရမ်းသီးနှပ်နဲ့ နောက်ဆုံးတစ်မျိုးကတော့  ကြွပ်ဆပ်ပြီး အရသာ၇ှိတဲ့ ခရမ်းသီးကြော်ပါ။ ကိုယ် ခရမ်းသီးအစာသွပ်ကြော်ကို များများ ထည့်ကြော်ပြီး ကြည့်၇ှုသူတွေအတွက် မဲနှိုက်ပေးမှာပါ”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now