"ဘာထပ်ယူဦးမလဲ"

ထပ်ကြားရပြန်ပြီ သူ့အသံချိုအိအိ  လေး။

"ဆေး-- ဟင့်အင်း"

ဒီမျက်နှာချောချောလေးရှေ့မှာ ကျွန်မဆေးလိပ်မဝယ်ချင်ပါဘူး။ ကျွန်မထက် သိသိသာသာအရပ်မြင့်ပြီး မွန်ရည်တဲ့မျက်နှာပေးနဲ့ သူက သေချာပေါက် ကျွန်မထက်အသက်ကြီးနေမယ်ထင်တယ်။ အစ်ကိုပေါ့ အဟင်း။

"ဝယ်ယူမှုအတွက် ကျေးဇူးတင်ပါတယ်"

ဒယ်ဟန်းမင်းဂုရဲ့ ၂၄နာရီစတိုးဆိုင်တွေမှာ အရောင်းဝန်ထမ်းတွေက customerကို "ဝယ်ယူမှုအတွက်ကျေးဇူးတင်ပါတယ်"ဆိုတဲ့ စကားလေး ၂ခါတိတိပြောဖို့ ဥပဒေချပေးရင်ကောင်းမယ်လို့ ဗရုတ်ကျကျတွေးမိသေးတယ်။ တစ်ခါတည်းကြားရတာနဲ့ မလုံလောက်ဘူးခံစားရလို့။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

ကျေးဇူးစကားပြန်ဆိုရင်း ကောင်တာပေါ်က ခဲတံတွေယူပြီး ပြန်ထွက်ခဲ့လိုက်တယ်။

ကောင်ချောလေးတွေမြင်ရင် နှစ်ရက်လောက်ရောဂါထလေ့ရှိတဲ့ အကျင့်အတိုင်းပေါ့။ ကျွန်မခြေလှမ်းတွေက မြောက်ကြွကြွ။ ကျောင်းရောက်ရင် သူငယ်ချင်းမတွေကို ပြန်ကြွားရဦးမယ်မလား။
ကိုယ့်အတွေးနဲ့ကိုယ် အူမြူးရင်း သီချင်းတစ်ပုဒ်လောက်ဖွင့်၊ နားကြပ်ကိုကောက်တပ်ရင်း ဘတ်စ်ကားပေါ်တက်လိုက်ခဲ့ပါတော့တယ်။

----

အဆောက်အဦးတစ်ခုရဲ့ အလျားလိုက်ဖြတ်ပိုင်းပုံကိုကြည့်ပြီး ကျွန်မခေါင်းက မီးလောင်တော့မလိုပဲ။ အခိုးတွေထွက်လာတာကိုတောင် ခံစားမိနေပြီလားလို့။

ဟုတ်တယ် ..
ကျွန်မကိုယ်တိုင် ဆွဲထားတဲ့ပုံကို ကျွန်မကိုယ်တိုင်တောင် ပြန်နားမလည်နေတာ။ ဒီပုံကိုစစ်ပေးရမယ့်ဆရာတွေဆို ကျွန်မကိုဂုပ်ကဆွဲပြီး ကိုင်ပေါက်ချင်စိတ်တောင် ဖြစ်လာနိုင်တယ်။

လောလောဆယ်တော့ ဘယ်ဆရာမှ အတန်းမဝင်ကြသေးခင် စာသင်ခန်းအပြင်ထွက်ပြီး တစ်နေရာရာမှာ ဆေးလိပ်ခိုးသောက်ဖို့ အကြံရတယ်။ အဲ့အတွေးလေးနဲ့  လွယ်အိတ်ထဲ လက်နှိုက်လိုက်တော့ ထည့်နေကျနေရာမှာ ဆေးလိပ်ဘူးက ပါမလာဘူး။
အိုးဟိုး ..ဘယ်ပါပါ့မလဲ!
ကျွန်မ ဒီနေ့ ဝယ်မှမဝယ်ခဲ့တာ။

The Last Grab ( Lee HeeSeung × OC ) Where stories live. Discover now