Part-14

2K 146 8
                                    

Unicode

ရှောင်းကျန့်အိပ်ဆောင်ကနေထွက်လိုက်ပြီးဝမ်ချင်းကိုစိတ်နဲ့ခေါ်လိုက်တယ်ခနအကြာဝမ်ချင်းရောက်လာပြီး

"ဝမ်ချင်း နင်ငါ့ကိုပြောစရာရှိနေတာလား"

"အင်း ရှိတယ် ရှောင်းကျန့်"

"ရွယ်နန်းတော်ကို မိစ္ဆာတိုင်းပြည်ကဖျက်စီးလိုက်ပြီ"

"ဘာ "

"ဟုတ်တယ် ရှောင်းကျန့်မကြာခင်သူဒီကိုရောက်လာလိမ့်မယ် ရှောင်းကျန့် သူဒီလိုတေလုပ်နေတဲ့သူ့ရဲ့ဦးတည်ချက်ကပြောင်းသွားပြီး အစကနင့်ကိုသူတို့ကသတ်ချင်တာ အခုတော့ရိပေါ်ကို မိစ္ဆာအရှင်ကစိတ်ဝင်စားသွားတာ"

"ဘာ ဝမ့်ကိုမှဘာလို့လဲ"

"နင်သိပါတယ် ငါ့ကိုရှောင်းဝူရှန့်ကသူနဲ့ပူးပေါင်းဖို့ကမ်းလှမ်းထားတာကို နင့်ကိုရိပေါ်ဆီလွှတ်ရတဲ့ရည်ရွယ်ချက်က နင့်ရဲ့စွမ်းအားတေမြင့်လာဖို့ ရိပေါ်က ရှောင်းဝူရှန့်ရဲ့ အရင်တုန်းကချစ်သူနဲ့ရုပ်ချင်းချွတ်ဆွတ်တူနေတယ်ရှောင်းကျန့် အဲ့ကြောင့် မိစ္ဆာအရှင်ကသူ့ရဲ့အရင်ချစ်သူရဲ့နေရာမှာရိပေါ်ကိုရှိစေချင်နေတာ"

"ဟက် အဲ့တော့သူနဲ့ငါထိတ်တိုက်ရှင်းရတာပေါ့ ဝမ့်ကိုဘလိုနည်းနဲ့မှသူ့လက်ထဲမထည့်နိုင်ဘူး"

"ရှောင်းကျန့် နင်သူ့ကိုသတ်လို့မရဘူးနော် ဘာလို့ဆိုတာတော့နင်တစ်နေ့သိလာမှာပါ ငါသွားတော့မယ်"

"ဝမ်ချင်း"

ရှောင်းကျန့်နားမလည်ပါ ဝမ်ချင်းကဘာလို့မိစ္ဆာအရှင်ကိုမသတ်ခိုင်းရတာလဲဆိုတာကို။မိစ္ဆာအရှင်ရဲ့မျိုးရိုးနမည်ကသူနဲ့တူနေတယ်။ဟုတ်တာပဲသူနဲ့မိစ္ဆာအရှင်ရဲ့မျိုးရိုးနမည်ကတူတာပဲ။ငါ့ညီလေးများလား။ဟာမဖြစ်နိုင်တာဘလိုလုပ်ဖြစ်နိုင်မှာလဲသူ့ညီလေးကပျောက်နေတယ်ဆိုပေမဲ့မိစ္ဆာအတတ်တေမှမတတ်တာ။မဖြစ်နိုင်ပါဘူး။

ရှောင်းကျန့်တစ်ယောက်အတွေးတေကိုလက်စသတ်ကာရိပေါ်ဆီသွားဖို့ပြင်လိုက်တယ်။သူရိပေါ်ကိုသေချာဂရုစိုက်ရမယ်။သူ့ဆီကနေရိပေါ်ကိုခေါ်ထုတ်သွားရင်သူသေမှာ။

A change in my life🔞❤Completed💚🐰Zhanyi🐷Where stories live. Discover now