Part-13

2.1K 154 5
                                    

Unicode

ရှောင်းကျန့်မနက်မိုးလင်းတော့အရင်နိုးလာပေမဲ့သူမထသေးပဲသူ့ရင်ခွင်ထဲမှာကွေးကွေးလေးအိပ်နေတဲ့ရိပေါ်ကိုကြည့်ပြီးပြုံးလိုက်တယ်။သူဒီကောင်လေးကိုအရမ်းမြတ်နိုးရတယ်သူ့ဘဝမှာအချစ်ရဆုံးသူကသူ့မိဘတေပြီးရင်ဒီကောင်လေးပဲ။မိဘတေအကြောင်းပြန်တွေးမိတာနဲ့မိစ္ဆာတေကိုရွံမုန်းမိတယ်။သူ့မိဘတေကိုဆိုးဆိုးဝါးဝါးသတ်ခဲ့တာမိစ္ဆာတေပဲမလားသူ့ရဲ့ညီလေးကိုလည်းခေါ်သွားပြီးသတ်ခဲ့တယ်။သူ့ညီလေးရဲ့အလောင်းကိုပြန်ရှာခဲ့ပေမဲ့လုံးဝရှာမတွေ့ခဲ့ဘူး။

ရှောင်းကျန့်တွေးနေတုန်းရင်ခွင်ထဲကအကောင်ပေါက်လေးကလှုပ်လာတာကြောင့်ဟိုဘက်ကိုလှည့်ပြီးကျမဲ့ဆဲဆဲမျက်ရည်စတို့ကိုသုတ်လိုက်ရတယ်။သူ့ရဲ့အတိတ်ကအကြောင်းတေကြားပြီးရင်သေချာပေါက်စိတ်မကောင်းဖြစ်မှာလေ။‌အစကတည်းကသူကသနားတတ်တဲ့ကောင်လေးကိုပိုင်ဆိုင်ထားရတာမလား။

"အရှင် နိုးနေတာလား "

"အင်း ကိုနိုးနေတာ"

"အရှင် ငိုထားတာလား"

"ကိုယ်ကိုယ် မငိုပါဘူး"

"အရှင်မလိမ်တတ်ပဲမလိမ်ပါနဲ့ အရှင့်မျက်လုံးကရဲနေတယ် ဘာကိစ္စတေမျာရှိလို့လဲ အရှင်"

"ကိုယ် ကိုယ်"

ရိပေါ်ကထထိုင်လိုက်ပြီးရှောင်းကျန့်ရဲ့ပါးလေးကိုကိုင်ကာ

"အရှင်ပြောပြရခက်နေရင်မပြောပြပါနဲ့ အခုတော့ အရှင်အရမ်းငိုချင်နေတာကိုငိုချလိုက်နော် ကျနော့်ရင်ခွင်ကိုခနငှားမယ်လေ‌ နောက်မှပြောပြလို့ရတာပဲ"

ရှောင်းကျန့်ရိပေါ်ရဲ့ပေါင်ကိုခေါင်းခုပြီးငိုချလိုက်တယ်။သူအရမ်းပင်ပန်းတယ်။သူ့မိဘတေအကြောင်းတွေးမိတိုင်းမိစ္ဆာဆိုတဲ့နာမ်စားကိုမကြားချင်တော့အောင်ကိုမုန်းတာ။
ရိပေါ်လည်းသူ့ပေါင်ကိုခေါင်းခုပြီးအားရပါးရငိုနေတဲ့သူ့ရဲ့အရှင်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်ဘာကိစ္စတေကြောင့်များအရမ်းဝမ်းနည်းပင်ပန်းနေပုံပေါက်နေရတာလဲအရှင်ရယ်အရှင်ငိုနေတာကြည့်ရတာကျနော့်ရင်ကိုဓားနဲ့မွှန်းနေသလိုပဲအရမ်းနာကျင်ရတယ်။

A change in my life🔞❤Completed💚🐰Zhanyi🐷Where stories live. Discover now