သည်နေ့  စွပ်ပြုတ်မှလွဲပြီး ဘာဟင်းမှ မပါသည့်တိုင် အလွန် စားကောင်းပေသည်။ ဘူးသီးဟာ ပါးစပ်ထဲ ရောက်သည်နှင့် ပျော်၀င်သွားပြီး အသားပါသော အရိုးဖတ်တို့ကလည်း ဝါးစားနိုင်အောင် နူးနေလေသဖြင့် အဆင်ပြေလှပေသည်။ ဟော်ယွင်၇ီသည် စွပ်ပြုတ်ထဲသို့ ထမင်းထည့်ကာ အားရပါးရ စားသည်။ 

အရိုးကြီးတွေဆိုလျှင် အလယ်မှ ခွဲထားသဖြင့် အထဲမှ ရိုးတွင်းခြင်ဆီကို စုပ်ယူနိုင်ပြီး အရိုးကိုက်နေရင်း လျက်လိုက်လျှင်ပင် အဆင်ပြေလေသည်။ ထိုသို့ ၇ိုးတွင်းခြင်ဆီကို စုပ်ယူခြင်းက ပြောမပြတတ်လောက်အောင် အရသာ၇ှိစေကာ မရပ်မနား စုပ်နေချင်မိစေသည်။

ဟော်ယွင်၇ီ၏ စားသောက်ပုံကို ကြည့်ပြီး ဟော်ဝေ့၇ီ မျက်မှောင် ကြုတ်သည်။

“ ပါး မြန်မြန် အရသာခံကြည့်၊ ဒီအရိုးထဲက ခြင်ဆီက အရမ်း အရသာရှိတာ”
သူက ပြောရင်းမှ နောက်အရိုးတစ်တုံးကို လှမ်းသည်။

ဟော်ယွင်၇ီ၏ အပြုအမူနှင့်စာလျှင် ဟော်ယွင်ချန်းက တိုက်ရိုက်ဆန်သည်။ သူက ဟော်ယွင်၇ီက ကောင်းကြောင်းပြောသည်နှင့် အရိုးတစ်တုံးလုံးမှ ခြင်ဆီတို့ကို တစ်ခါတည်း စုပ်ယူလေသည်။ ပါးစပ်အပြည့် ခြင်ဆီတို့ စားလိုက်ရခြင်းက စွပ်ပြုတ်ရည်သောက်ရသည်ထက် ပိုကောင်းလေသည်။သူ ကျေနပ်စွာဖြင့် လျှာဖြင့် သွားတို့ကို သပ်လိုက်သည်။ 

ထိုသို့ဖြင့် တစ်မိသားစုလုံး၏ စားပွဲဝိုင်းတွင် စုပ်သံတွေဖြင့်သာ ပြည့်နေတော့လေသည်။ စွပ်ပြုတ်အိုးကြီးနှင့် ထမင်းအိုးကြီးတစ်အိုးလုံးက လေးယောက်လုံး၏ ဗိုက်ထဲ ရောက်သွားသည်။

“ တော်တော်လေးကို အရသာရှိတာပဲ။ အဲ့ဒိ တင်ဆက်သူလေးရဲ့ လက်ရာကတော့ တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ စိတ်မကောင်းစရာက ကျွန်တော်တို့ ကံဆိုးနေတာပဲ။ မဟုတ်ရင် အသားနှပ်ခေါက်ဆွဲလေးနဲ့ စား၇မှာ”

ဟော်ယွင်၇ီက ကုလားထိုင်ကို မှီလိုက်ကာ ဗိုက်ကို လက်ဖြင့် ပွတ်ရင်း ပြောသည်။
“  သူ့ကို ဖိတ်ခေါ်နိုင်ပြီး ကျွန်တော်တို့ရဲ့ မိသားစု စာဖိုမှူး လာလုပ်အောင် ပြောနိုင်အောင် သိပ်ကောင်းမှာပဲ”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now