“ အင်း”
ဟော်ယွင်ချန်းက သူ၏ ပါဆယ်ဘူးကို ဖွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း  ပုံမှန်ထက် ကြီးသော ဘူးကြီးဖြင့် အပြည့်ပါသည်။

“ ဒီဘူးက သီးသန့်များ လုပ်ထားတာလား”
လှေကားမှ ဆင်းလာသည့် ဟော်ယွင်ရီက ဟော်ယွင်ချန်း၏ လက်ထဲရှိ ဘူးကို ကြည့်ကာ မျက်ခုံးပင့်သည်။

“ ဘာလို့ မင်းရဲ့ ဘူးက သူများထက် အမြဲတမ်း ကြီးနေတာလဲ”

ဟော်ယွင်ချန်းက အကိုဖြစ်သူကို တချက် ကြည့်ကာ နှုတ်ခမ်းတွေ ကော့တက်သွားပြီးမှ ပြောသည်။
“ အခန်းမန်နေဂျာရဲ့ အဆင့်အတန်းကြောင့်လေ”

ရန်ကျင်းက မီးဖိုခန်းထဲမှ စွပ်ပြုတ်အိုးအလွတ် ယူထုတ်လာကာ အဖြူရောင် ဘူးသီးတွေနင့် အသားနှင့်အရိုးရောလျက်ပါသော စွပ်ပြုတ်ရည်ကို ထည့်သည်။ထို့နောက် ဟော်ယွင်ချန်း တစ်ခါမှ မမြင်ဖူးသော တစ်စုံတစ်ရာကို ထုတ်ပြလာသည်။

“ အားချန်း လာ၊ မင်းအစ်ကိုရဲ့ အကယ်ဒမီက အသစ် သုတေသန လုပ်ထားတဲ့ မီးဖိုချောင်သုံး ပစ္စည်းကို တစ်ချက် လာကြည့်။ မား ဒီအလိုအလျောက် ထမင်းပေါင်းအိုးကို သုံးပြီး ချက်ထားတာ။မားက တင်ဆက်သူ ချက်ပြသမျှကိုလည်း လေ့လာနေတုန်းပဲ။အရင်ဆုံး ဆန်ကို သေချာဆေးထားရတယ်။ နောက်ပြီး ဒီထဲက ထွက်လာတဲ့ ထမင်းက တအားမွှေးတာပဲ”

ယခင်ရက်တွေတွင် သူမသည် ယွမ့်ထန်း ချက်ပြသမျှကို လိုက်ချက်ကာ ကြိုးစားခဲ့သဖြင့် သူမ၏ ဟင်းချက်စွမ်းရည်က များစွာ တိုးတက်လာခဲ့ပေသည်။အနာဂတ်တွင် သူမတို့မိသားစု ထမင်းလက်စုံ စားနိုင်မည့် အခွင့်အရေးတို့ ပိုများနေမည်ဖြစ်ကြောင်း သေချာနေလေသည်။

သူမ ထမင်းကို ခူးနေချိန်တွင် ဟော်ဝေ့ရီက အိမ်ပြန်ရောက်လာသည်။
“  လောင်ဟော် လာ စားကြစို့၊ ဒီနေ့စွပ်ပြုတ်က တင်ဆက်သူကိုယ်တိုင် ချက်ထားတာ”

“ အင်း”
ဟော်ဝေ့ရီသည် ကုတ်ကို ချွတ်ပြီးသည်နှင့် ခြေလှမ်းကျဲကြီးတွေဖြင့်  ထမင်းဝိုင်းနားသို့ ရောက်လာကာ ၀င်ထိုင်သည်။အားလုံး ၀င်ထိုင်ပြီးသည်နှင့် စားကြတော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now