P - 36🍁{Unicode}

Začít od začátku
                                    

သူဟာ ဘယ်လောက်ပဲတော်ပြီးထက်မြက်တဲ့အရာရာကို ထက်ထက်မြက်မြက်ဖြေရှင်းနိုင်ပြီး လူတိုင်းပါးစပ်ဖျားမှာနာမည်တစ်လုံးနဲ့ Commando Dragonဖြစ်နေလဲ သူ့မာမီရှေ့ရောက်တာနှင့် သူဟာ သည်မာမီရဲ့အမိန့်ကိုပဲအမြဲလိုလိုနာခံတတ်တဲ့သားလိမ်မာတစ်ယောက်အဖြစ် ပြန်ရောက်သွားရသည်။

အခုချိန်မှာသူ့အနေနဲ့ ဘာမှမသိချင်တော့ပါ ၊
မာမီဟာ သူ့အသက်၁၈မှာ နောက်အိမ်ထောင်တစ်ခုထူထောင်ဖို့အတွက် သူ့ကိုထားခဲ့တာတွေ၊ မာမီအနားမှာကြာကြာမနေစေဖို့ စာသာလျှင်လုပ်ခိုင်းပြီး အရာရာသူ့အလိုအတိုင်း နေခဲ့ရတာတွေ၊

ညီစေအနေနဲ့ အခုချိန်သူ့ရှေ့မှာရှိနေတဲ့ မာမီရင်ခွင်ငွေ့ကိုခိုလှုံလိုက်ရတာနဲ့တင် အရာရာမေ့ပျောက်သွားသည်အထိ ပျော်ရွှင်ကြည်နူးနေရသည်။
ဒီရင်ခွင်နဲ့ ဒီနွေးထွေးကြင်နာမှုကို သူ့အနေနဲ့ တောင်းတနေခဲ့ရတာ ဘယ်လောက်တောင်ကြာနေပြီလဲလေ...

ခဏလေးလောက် ခိုလှုံရလဲ​ကျေနပ်တာမို့
သူ့မာမီကိုဖက်တွယ်ထားရင်းသာ ပျော်ရွှင်မှုကြောင့်ဖြစ်တည်လာတဲ့မျက်ရည်တွေကို လိုက်လိုက်လျောလျောကျဆင်းခွင့်ပေးထားလိုက်သည်။

"သား မာမီ့ကို အထဲမဝင်ခိုင်းတော့ဘူးလား? နောက်ကရပ်နေတဲ့ကောင်လေးလဲအားနာစရာ ကောင်းနေပြီလေ"

"အာ...ဟုတ်.. ဟုတ်လာလေမာမီ "

အခန်းတံခါးဖွင့်ပြီး ညီစေကအရင်ဝင်သွားတော့နောက်မှာကျန်ခဲ့တဲ့ ဘုန်းဆက်ကို ညီစေ့မာမီကလှည့်ကြည့်လာပြီး နူးညံ့လှပတဲ့အပြုံးလေးတစ်ပွင့်ကိုပြုံးကာခေါင်းညိမ့်ပြပြီး အရှေ့ကအရင်ဝင်
နှင့်သွားသည်။
သူ့အနေနဲ့ ညီနဲ့သူ့မာမီအခုမှပြန်တွေ့ရတဲ့အတွက် ပြောစရာစကားတွေများနေမလားတွေးမိတော့ အထဲလိုက်ဝင်မယ့်ခြေလှမ်းတွေကရပ်တန့်သွားမိပြန်သည်။

"ကိုကိုလာလေ "

အထဲဝင်သွားပြီး ညီကသူပါမလာလို့ထင်သည် နောက်ပြန်လှည့်လာပြီးလက်ကိုဆွဲခေါ်သွားသည်။ညီ့မာမီကတော့ အခန်းကိုလှည့်ပတ်ကြည့်ရှုနေရင်း ဧည့်ခန်းကခုံမှာဝင်ထိုင်တော့ သူတို့နှစ်ယောက်လဲ မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်လိုက်သည်။အခန်းထဲမဝင်ခင်က ဖက်ပြီးငိုနေခဲ့ကြတဲ့သားအမိက ဆိုဖာမှာဝင်ထိုင်ပြီးကတည်းက ဘာစကားမှလဲမပြောဖြစ်ကြသေးပေ၊

Commando🍁(Complete)Kde žijí příběhy. Začni objevovat