011-1 (U+Z)

2.8K 545 28
                                    

011 : ခင်ဗျား ကျွန်တော့်ကို
ကြိုက်ပေးနိုင်မလား?

--------------------------------------------------

စူးစစ်ယွီ၏မျက်နှာမှာ ပြာလိုက်နီလိုက်ဖြစ်ရာမှ
ဖြူလျော်သွားလေသည်။
အနှောင့်အယှက်တွေရှိရင်တောင် ဆက်ပြီးတိုက်ပွဲဝင်ဖို့
သူပြင်ဆင်ထားပြီးသားဖြစ်၏။
အခုအချိန်မှာ ပစ်ပစ်ခါခါအငြင်းခံရပြီး လျစ်လျူရှူခံရပေမယ့် သူအနည်းငယ်တောင် တွန့်ဆုတ်မနေနိုင်တာမို့ လှည့်ပြီး ယန်ဆွေ့နောက်လိုက်သွားလိုက်သည်။

" ယန်ဆွေ့! "

ကားသော့ကိုင်ပြီး ကားဆီသွားတော့မယ့်ယန်ဆွေ့ကို စူးစစ်ယွီတားလိုက်သည်။

ယန်ဆွေ့ ထပ်မံကာ မျက်မှောင်ကြုတ်မိ၏။
သူ စူးစစ်ယွီနဲ့လုံး၀မပတ်သတ်ချင်ပေ။ အခုဆို
သူ့အိမ်ထောင်ဖက်က မုံ့ထင်ဖြစ်နေပြီဖြစ်သည်။
သူတို့မှာ ဘယ်လိုဆက်နွှယ်မှုမျိုးမှမရှိတော့တာမို့ အနာဂတ်မှာ အချင်းချင်းဆက်သွယ်စရာမလိုအပ်ချေ။

ပြီးတော့လည်း သူသိသလောက်ကတော့ ဟဲ့၀မ်နဲ့စူးမိသားစုတို့ လက်ထပ်ပွဲအကြောင်း ဆွေးနွေးစဉ်က အများဆုံးဆန့်ကျင်ခဲ့တဲ့သူမှာ စူးစစ်ယွီကိုယ်တိုင်ဖြစ်သည်။
ထို့ကြောင့်လည်း လက်ထပ်ပွဲက ထပ်ကာ,ထပ်ကာ နှောင့်နှေးခဲ့ရတာဖြစ်ပြီး မုံ့ထင်ပေါ်ထွက်လာမှုက
ဟဲ့၀မ်ကို ပိုကောင်းတဲ့ရွေးချယ်မှုပေးခဲ့တာဖြစ်၏။

ယန်မိသားစုနဲ့ စူးမိသားစုကြားက လက်ထပ်ပွဲအစီအစဉ်ကိုဖျက်သိမ်းလိုက်ချိန်မှာ
စူးစစ်ယွီကျေနပ်မယ်လို့ သူထင်ခဲ့သည်။

နေ့လည်မှာ မဒမ်စူးကို သူ့ကိုစည်းရုံးဖျောင်းဖျခိုင်းပြီး
ညကျတော့ သူ့ကို ကလပ်ဆီဖိတ်ဖို့
ကုလန်ကိုအသုံးချ၏။

ယန်ဆွေ့ ရပ်ကာလှည့်ကြည့်လိုက်သည်။ သူ့ရဲ့ထက်မြက်တဲ့ဖီးနစ်လိုမျက်လုံးများက
အနည်းငယ်ကျဉ်းမြောင်းသွားကာ ဒေါသများပြည့်လျှံသွားပြီး,
" မင်း ဘာလုပ်နေတာလဲ? "

စူးစစ်ယွီမှာ အနည်းငယ်ကြောက်ရွံ့နေပေမယ့်
ယန်ဆွေ့ကိုပြောဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။
သူ့နှလုံးသားထဲက ယန်ဆွေ့အပေါ် ပြင်းထန်တဲ့စွဲလမ်းမှုကြောင့် အကြောက်တရားတွေကို
လျစ်လျူရှုကာ သူပြောဖို့ရွေးချယ်လိုက်သည်။
" ကျွန်တော် နောင်တရနေပြီ...ကျွန်တော် ခင်ဗျားနဲ့လက်ထပ်ချင်တယ် "

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now