001-1 (U+Z)

6.6K 660 6
                                    

001-" ကျွန်တော် ဘယ်တော့
လက်ထပ်ရမှာလဲ? "

--------------------------------------------------

မုံ့ထင်အရာရာကိုနားလည်တတ်စအရွယ်မှာ
သူတုံးတာက အဖတ်ဆယ်မရနိုင်တော့ဘူးလို့
အမြဲတစေ အပြောခံခဲ့ရသည်။

သူအထိုင်သင်တာလည်း နှေးသလို လမ်းလျှောက်တတ်တာလည်း နှေးသည်။ စကားပြောသင်တာတောင်မှ တခြားကလေးတွေထက်
ပိုပြီးနှေးကွေးခဲ့သည်။ အခြားကလေးတွေက အတော်လေး လည်လည်ပတ်ပတ်ပြောဆိုနေနိုင်တဲ့
အချိန်မှာ သူ့ကိုယ်သူမိတ်ဆက်ဖို့ ရိုးရှင်းတဲ့စကားလုံးလေးတွေအသုံးပြုဖို့တောင်
ခက်ခဲနေခဲ့၏။

တိတ်ဆိတ်တယ်...ကိုးရိုးကားရားနိုင်ပြီး ၀မ်းနည်းလွယ်တယ်။ သူက အခြားလူတွေ မနှစ်သက်တဲ့ကလေးတစ်ယောက် ဖြစ်ခဲ့တာပေါ့။

အသက်၇နှစ်အရွယ်မှာ သူ့အဖွားက မိဘမဲ့ဂေဟာကနေ သူ့ကိုမွေးစားခဲ့ပြီး အသက်(၁၄)နှစ်ပြည့်တဲ့အထိ ပြုစုစောင့်ရှောက်ခဲ့သည်။

ထို(၇)နှစ်တာကာလအတွင်းမှာ မုံ့ထင်က
စားဖို့သောက်ဖို့လောက်ပဲသိရုံကလွဲပြီး တခြားဘယ်အရာမှာမှအသုံးမကျပဲ ထုံထိုင်းတဲ့
အမှိုက်တစ်စလို့ နေ့စဉ်နေ့တိုင်း ထပ်တလဲလဲ အပြောခံခဲ့ရ၏။ 'အသုံးမကျဘူး' နဲ့ 'အမှိုက်'ဆိုတဲ့ စကားလုံးတွေကို မုံ့ထင်သိပ်ကြောက်ရွံ့ခဲ့တဲ့
အချိန်တွေဖြစ်ခဲ့သည်။

ဒါကြောင့် သူ တဖြည်းဖြည်းအရွယ်ရောက်လာပြီး အသိဉာဏ်ကြွယ်၀လာတဲ့အချိန်မှာ
အသုံးကျပြီးတော်တယ်လို့သတ်မှတ်ခံရတဲ့
သာမန်လူတစ်ယောက်ဖြစ်အောင် အားကုန်စိုက်ထုတ်ပြီး ကြိုးပမ်းခဲ့သည်။

အပြင်လူတွေအမြင်မှာတော့ သူက အမှိုက်တစ်စလို့
အမည်တပ်ခံရတဲ့အချုပ်အနှောင်တွေဆီက သူ့ကိုယ်သူအောင်အောင်မြင်မြင် လွတ်မြောက်စေနိုင်ခဲ့ပါသည်။ ဒါပေမယ့် 'အသုံးကျတယ်' လို့အခေါ်ခံရသူဖြစ်လာဖို့ ကြိုးပမ်းအားထုတ်အပြီးမှာတော့...သူ့ဘ၀ကိုပါ အလဲအထပ်လုပ်ခဲ့ရလေတော့သည်။

သူသေဆုံးခဲ့၏။ တိတိကျကျပြောရရင် အလုပ်ဒဏ်ကြောင့် အားအင်ကုန်ခမ်းကာ
ပင်ပန်းလွန်ပြီး သေသွားခဲ့တာဖြစ်သည်။

အထက်တန်းလွှာအသိုင်းအဝိုင်းထဲက ချိုမြိန်သောအိမ်ထောင်ရေး [ဘာသာပြန်] (Hiatus)Where stories live. Discover now