Chapter《51 and 52》

Beginne am Anfang
                                    

ရွှယ်ချင်းရဲ့ နှုတ်ခမ်းကတော့ တစ်ခြမ်းရွဲ့သွားသည်။

ငါ့အသည်းက အခုလေးတင် ကွဲသွားတာလေ, နင်က နှစ်သိမ်ပေးတဲ့ စကားတစ်ခွန်းတောင် မပြောဘူး!

ကျင်းယွမ်က တံခါးကိုပိတ်ကာ ထွက်သွားတာကို သူမစိုက်ကြည့်နေမိသည်။ ရုတ်တရက် ရယ်သံခပ်လွင်လွင်လေး ထွက်ပေါ်လာ၏။ သူ့အတွက် သူမဆီမှာအခွင့်အလမ်း မရှိလို့ လက်လွှတ်ပေးရတော့မယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူမရဲ့ နှလုံးသားက မွမ်းကျပ်မသွားဘူး.... အဲ့ဒီအစား အရင်ကထက်တောင် ပိုပေါ့ပါးသွားသလိုပဲ...

ကျင်းယွမ်ပြောတာ မှန်တယ်ထင်ပါတယ်, သူမက ဒီတစ်ချိန်လုံး မှားယွင်းနေခဲ့တာပဲ, ကျင်းယွမ်ကို မချစ်ခဲ့ဘူး...

သူမရဲ့ မာန်မာနကသာ လူတိုင်းထက် သန်မာအားကောင်းတဲ့ အမျိုးသားတစ်ယောက်ကို သူမဘေးမှာ ရပ်တည်စေချင်စိတ်နဲ့ မသိလိုက်ဘာသာ မျောသွားမိတာ, အဲ့ဒါကြောင့် ခံစားချက် အမှားအယွင်းတွေ ဖြစ်ကုန်တာပဲ

ကျင်းယွမ်က ရိဟန်ရဲ့ အခန်းကိုပြန်သွားသည် အိပ်ယာပေါ်က လူကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ ကျင်းယွမ်သည်လည်း မနေ့ညက တော်တော်လေး ပင်ပန်းနေတာဖြစ်သည်။

ကျင်းယွမ်ရဲ့ နှုတ်ခမ်းများက ပျော်ရွှင်မှုဖြင့် ကွေးညွှတ်သွားပြီး အိပ်ယာပေါ်မှာ ထိုင်ချလိုက်ကာ ရိဟန်ရဲ့ နှဖူးအား ညင်ညင်သာသာ နမ်းလိုက်သည်။ သူ့နှလုံးသားကတော့ နွေးထွေးမှုများနဲ့ ပြည့်နှက်နေ၏။

တစ်ညတည်းနဲ့ မနေ့က အနာဂတ်မရှိဘူးလို့ ထင်နေတဲ့ သူ့ချစ်ရသူက အခုတော့ သူ့ခေါင်းပေါ်ရောက်နေပြီ။

ကျင်းယွမ်သည် သူ့ဘဝက ပြည့်စုံသွားပြီဟု ခံစားနေရသည်။

ကျင်းယွမ်က အိပ်ယာပေါ်မှာ အချိန်တစ်ချို့ထိ ထိုင်နေ၏။ သူက ခဏရပ်နေပြီးနောက် အနည်းငယ် စဉ်းစားပြီးနောက်မှာ အိပ်ယာပေါ်သို့ လှဲချလိုက်သည်။ သူက ရိဟန်အားစောင်နဲ့အတူ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။ ထို့နောက် ကျေနပ်အားရစွာနဲ့ သက်ပြင်းချလိုက်ပြီး အသေးလေးရဲ့ နှုတ်ခမ်းအား ဖွဖွလေး ခိုးနမ်းလိုက်သေးသည်။

(Completed) Reborn as a good childWo Geschichten leben. Entdecke jetzt