Chapter《51 and 52》

Start from the beginning
                                    

"သတင်းမထွက်သေးဘူးလား?" ကျင်းယွမ်က မျက်ခုံးပင့်ပြီး မေးသည်။

"ဒီတစ်လော ကိစ္စတွေအများကြီး ဖြစ်သွားတာ, ငါတို့မှာ အချိန်မရှိလိုက်ဘူး, အမေက အခုထိ ရက်ရွေးနေတုန်းပဲ" ရွှယ်ချင်းကပြန်ဖြေသည်။

ကျင်းယွမ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလေသည်။

"ဒါဆို နင့်ရဲ့ နှစ်သက်မှုကို ဘယ်လိုပြောင်းမှာလဲ? ဘယ်သူ့ကိုလဲ?" သူကထပ်မေးသည်။

ရွှယ်ချင်းက သူ့ကိုတစ်ချက်ကြည့်သည်။

"နင်အခုပဲ ချန်ထျန်းယောင်ကို ထုတ်ပြောတယ် မဟုတ်ဘူးလား? သူလုပ်မှာပေါ့" သူမက ပျင်းရိစွာဖြင့် ပြန်ဖြေသည်။

"သူကနင့်ကို တကယ်ကြိုက်တာ, အဲ့ဒါက သူ့အတွက် မမျှတပဲနေလိမ့်မယ်"

"ငါကသူ့ခံစားချက်တွေကို အရုပ်လို ကစားမယ် ထင်နေတာလား? ငါသူနဲ့သဘောတူညီမှုယူမှာ, အကယ်၍ သူသဘောတူရင် သူက အချိန်တစ်ချို့ထိ ငါ့ရည်စားဖြစ်လိမ့်မယ်, မဟုတ်ရင်လည်း ငါနဲ့သရုပ်ဆောင်ပေးဖို့ တစ်ခြားတစ်ယောက်ယောက်ကို ရှာမှာပေါ့, ရိုးရိုးလေးပဲကို" ရွှယ်ချင်းက ပင်ပန်းနွမ်းနယ်နေတဲ့ အသံနဲ့ရှင်းပြသည်။

"သူသေချာပေါက် 'yes' ပဲပြောမှာပေါ့, ဒါကသူ့အတွက် အခွင့်အရေးပဲဟာကို" ကျင်းယွမ်က အတွေးတစ်ချို့တွေးပြီးနောက် ပြောလေသည်။ 

"အကယ်၍သူက နင်ပြောသလို ရူးရူးသွပ်သွပ်နဲ့ ချစ်နေတယ်ဆိုရင် ငါသူ့ကို အခွင့်အရေးတစ်ခု ပေးလိုက်တာ ဘာမှားနေလို့လဲ? အဲ့ဒါက ခက်ခဲတဲ့ အခြေအနေကြောင့် ဖြစ်နေရင်တောင်မှပေါ့" 

ရွှယ်ချင်းကပြန်ပြောသည်။

အဲ့ဒီလို ထူးချွန်လှတဲ့ အမျိုးသားတစ်ယောက်က သူမကို အမှန်တကယ် စွဲလမ်းနေတယ်ဆိုတော့ တစ်ခြားရှုထောင့်က ကြည့်မယ်ဆိုရင် သူမရဲ့ ဆွဲဆောင်မှုကို သက်သေပြနေတာပဲလေ။အဲ့ဒါက သူမရဲ့ အောင်မြင်မှုကို ခံစားရစေတယ်။

"ကောင်းပြီလေ, ငါတို့စကားကို လောလောဆယ် ရပ်ထားကြတာပေါ့, ဟန်ဟန်နိုးလာလို့ ငါ့ကိုမတွေ့ရင် ရှာနေမှာစိုးလို့ ငါပြန်လိုက်ဦးမယ်" ကျင်းယွမ်က အပြုံးနဲ့ပြောလာသည်။

(Completed) Reborn as a good childWhere stories live. Discover now