I'm FinešŸ”„12

Start from the beginning
                                    

"အဟွတ်…အဟွတ်! အမလေး…သေပါပြီ
Kaiမင်းမဟုတ်တာတွေမပြောစမ်းနဲ့"

"ဘာလဲ ဟုတ်တာပြောတာကို"

"ဒိုဂယောင်ဆူးက ဒီလောက် Monsterကိုလိုက်နေတာ
ပတ်ချန်းယောလ်ယောကျာ်းဖြစ်စရာလားဟ"

"မယုံဘူးလား…ငါခေါ်သွားပေးရမလား"

"လိမ်မနေနဲ့ အဲ့လောက်တော့ မဟုတ်မှန်းငါသိတယ်"

"ဒါတော့မင်းအပိုင်းလေ…
ငါတောင်မှ ကင်ဂျုံအင်ဆိုတဲ့လူနဲ့တူနေသေးတာပဲ
ငါပြောတဲ့ ဒိုဂယောင်ဆူးဆိုတာ အတည်မဖြစ်နိုင်ဘူးလို့
မင်းပြောနိုင်လို့လား"

ထိုအခါ ဂယောင်ဆူးအပြေးအလွှားစဉ်းစားရတော့သည်။
ဂျုံအင်နဲ့တူတဲ့ Kaiတောင်ရှိနေသေးတာ ဂယောင်ဆူးလိုလူလဲ Monsterမှာထပ်မရှိဘူးလို့ပြောနိုင်ပါ့မလား။
ပတ်ချန်းယောလ်က ဂယောင်ဆူးကို ကွက်ကျော်ရိုက်ဖို့ပြင်နေတာလား။

"ဆယ်ဟွန်းရော သူ့ပါခေါ်ခဲ့"

"ဟွန်းက နေမကောင်းဘူး အနားယူဖို့လိုတယ်"

"မနေ့ကတောင်အကောင်းကြီးလေကွာ"

"ညကနေမကောင်းသွားတာ
ဘာလို့ဆိုတာပါ မင်းကိုပြောပြနေရမှာလား မျက်ပြူးရဲ့"

"ဘာ…မင်းငါ့ကိုမျက်ပြူးလို့ခေါ်တယ်ပေါ့
သောက်အသားမဲကောင်…ဖင်ကောက်ယောကျာ်း"

"ဟွန်းဖင်ကောက်တာ ငါတောင်သေချာမကြည့်ရသေးဘူး
သွားမယ်"

"ငါတို့ချည်းပဲလား"

"တခြားလူခေါ်လို့မရဘူး"

အေးလေ ဘာဖြစ်ဖြစ် ဂယောင်ဆူးလဲယောကျာ်းပဲ။
Kaiကိုတော့ သူသေကိုယ်သေပြန်ချနိုင်ပါသည်။
ဒီကောင်လဲ လက်လွတ်စပယ်တော့ ဂယောင်ဆူးကို အန္တာရာယ်ပေးမှာမဟုတ်လောက်။

Kaiကားနှင့်ပင် Monsterအိမ်တော်မှထွက်လာခဲ့ကြသည်။

အိမ်ကြီးအပေါ်ထပ်စီမှ ဆယ်ဟွန်းအသံကိုတော့ ဂယောင်ဆူးမကြားနိုင်တော့။

"အား……တကယ်ပဲကွာ
ခွေးကောင် အခန်းကိုသော့ခတ်သွားတယ်"

ပြတင်းပေါက်တွေကလဲ ဖွင့်မရတော့ ဆယ်ဟွန်းဘာမှလုပ်မရ။
အခန်းထဲဟိုသွားဒီသွားဖြင့်အကြံထုတ်နေသော်လည်း
ဘာမှထွက်မလာ။
အခန်းထဲမှာ ကြိုးဖုန်းလေးတောင်ရှိမနေ။
ခွေးကောင် သူများဖုန်းကျပြန်ဝယ်မပေးဘူး။
~~~~~~~~~~~~

šŸ”„I'm FinešŸ”„(Completed)Where stories live. Discover now